ရခိုင်ပြည်နယ်၊မြောက်ဦးမြို့နယ်က စစ်ကောင်စီတပ်ရဲ့သုံ့ပန်းတွေ ဖမ်းဆီးထိမ်းသိမ်းထားတဲ့နေရာကို စစ်တပ်ကပဲဗုံးကြဲသွားလို့စစ်သုံ့ပန်း၃၀ကျော် သေဆုံးသွားပါတယ်။မှားယွင်းမှုမဟုတ်ပဲ တမင်ကိုဗုံးကြဲသွားခြင်းပါ။ထိုစစ်သုံ့ပန်းတွေဟာ အေအေကမကြာမီလွတ်ပေးဖို့ စီစဥ်ထားတဲ့သူတွေဖြစ်တယ်။အလားတူဖြစ်စဥ်မျိုးပြီးခဲ့လတွေက ရခိုင်ပြည်နယ်ပေါက်တောမြို့မှာ ဖြစ်ပွားခဲ့သေးတယ်။စစ်ကောင်စီဟာရန်သူ့လက်ထဲရောက်နေတဲ့ ကိုယ့်လူတွေကိုကယ်တင်ဖို့မကြိုးစားပဲ လူမဆန်စွာရည်ရွယ်ချက်ရှိရှိသတ်ဖြတ်နေတာပါ။ထိုကဲ့သို့အဖွဲ့အစည်းမျိုးအတွက် အသက်ပေးပြီးတိုက်နေတဲ့စစ်သူပုန်တွေကိုလဲ အံ့သြမိတယ်။
စစ်ကိုင်းထဲမှာလဲNUGကရုံးထိုင်မယ်လို့ပြောပြီးနောက်မှာ ခမ်းပတ်နဲ့မော်လူးမြို့တို့ကိုဗုံးကြဲခဲ့လို့ ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်။စစ်ကောင်စီဟာသတင်းအတိအကျရလို့မဟုတ်ပဲ သူတို့ထင်တဲ့နေရာတွေလေကြောင်းက တိုက်ခိုက်သွားတာပါ။NUGကဘယ်ရောက်နေမှန်းတောင် မသိသေးပဲ စစ်ကောင်စီကတော့မဲမဲမြင်ရာ ဗုံးကြဲတိုက်ခိုက်နေပါတယ်။