အေအေရဲ့ထိုးစစ်ဟာရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းထဲကို ရောက်ရှိလို့လာနေပါပြီ။ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကိုသိမ်းပိုက်ပြီးနောက်ဒီလဆန်းမှာပဲ ရခိုင်နဲ့ဧရာဝတွနယ်စပ်ကမကျီးဇင်ရွာကို အေအေကဆက်လက်တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်။အခုလဲ မကျီးဇင်ရွာတောင်ဘက်ကဘောမိရွာမှာ အင်အားအများအပြားနဲ့တပ်စွဲထားတဲ့ စစ်သူပုန်တွေကိုမနေ့က တိုက်ခိုက်မောင်းထုတ်လိုက်ပါတယ်။ဘောမိရွာစစ်သူပုန်အင်အားငါးရာခန့်အပြင် သံချပ်ကာကားတွေနဲ့ပါခံစစ်ပြင်ထားပေမယ့်လဲ အေအေရဲ့အလစ်အငိုက်တိုက်ခိုက်မှုကြောင့် တစ်ရာခန့်သေဆုံး၈၀ခန့်ဒဏ်ရာရကာ အင်အား၂၀၀ကျော်ခန့်ကတော့ခွေးပြေးဝက်ပြေးထွက်ပြေးသွားကြတယ်။စစ်သူပုန်တပ်တွေဖရိုဖရဲဖြစ်ကုန်ပြီး သံချပ်ကာကားတွေကိုပါပြန်မသယ်နိုင်တော့လို့ မီးရှို့ဖျက်စီးသွားကြကာတောင်ဘက်မှာရှိတဲ့ ငွေသောင်ယံမြို့ဘက်ဆုတ်ခွာသွားပါတယ်။အင်အားငါးရာခန့်အပြင် သံချပ်ကားကားတွေလေကြောင်းပစ်ကူတွေရှိနေတာတောင် အေအေရဲ့ထိုးစစ်ကိုတစ်ရက်တောင်တောင့်မခံနိုင်တာဟာ ဧရာဝတီတိုင်းထဲကစစ်ကောင်စီတပ်တွေ တပ်ပျက်နေပြီဆိုတာသိသာစေတယ်။အေအေကတော့တောင်ဘက်ကို ဆက်လက်ထိုးစစ်ဆင်နေဦးမယ်လို့ ယူဆရတယ်။
ဖေဖော်ဝါရီ ၀၇၊ ၂၀၂၅။ (သောကြာ)
ထိုင်းဘက်ကလျှပ်စစ်ဓာတ်အားဖြတ်တောက်လိုက်ပေမယ့် မြဝတီမြို့ပတ်ဝန်းကျင်ကကျားဖြန့်လုပ်ငန်းတွေကို မထိပဲမြို့ခံပြည်သူတွေသာ ထိခိုက်နေပါတယ်။မြို့နယ်ဆေးရုံလိုနေရာမျိုးတွေမှာ လျှပ်စစ်မီးမရတော့တာကြောင့်...