၂၀၂၅နှစ်စမှာပဲNUGအစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲတွေမြင်တွေ့ရမယ်လို့ ဒုသမ္မတကြီးကိုယ်တိုင်ကပြောလိုက်ပါတယ်။ခြေမပေါ်တဲ့အစိုးရအဖွဲ့ဝင်တွေ၊ဝန်ကြီးတွေကို အပြောင်းအလဲလုပ်မယ်လို့ပြောထားပေမယ့် ဘယ်လိုပုံစံလုပ်ဆောင်မလဲဆိုတာတော့ သေချာမသိရသေးပါဘူး။NUGဝန်ကြီးအချို့ရဲ့စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိနေတာကြာပါပြီ။အချို့ဝန်ကြီးဌာနတွေဆိုရင် တော်လှန်ရေးကာလမှာမလိုအပ်ပဲ ဖောင်းပွနေတယ်လို့ပြောကြတယ်။အစိုးရအဖွဲ့ထဲမှာမလိုအပ်ပဲလူများနေတော့ ဘက်ဂျက်များများကုန်နေတာလို့တော်လှန်ရေးအတွက် အနှောက်အယှက်ဖြစ်နေတယ်လို့ဝေဖန်ကြတယ်။ဒီအချက်တွေကိုNUGကိုယ်တိုင်ကလက်ခံပြီး ပြုပြင်ပြောင်းလဲရေးလုပ်မယ်ဆိုရင်တော့ဝမ်းသာစရာပဲ။ဒါပေမယ့် ထိရောက်တဲ့ပြုပြင်ပြောင်းလဲရေးတွေဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမယ်။
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


