လားရှိုးကိုတရုတ်အကူအညီနဲ့အလကားပြန်ရဖို့စိတ်ကူးယဥ်နေတဲ့စစ်ကောင်စီဟာ နိုင်ငံတကာမှာလဲခွေးတိုးပေါက်ကလူရာဝင်နိုင်ဖို့ ကြံစည်နေပါတယ်။ထိုင်းနိုင်ငံကကြီးမှုးကျင်းပတဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတက်ရောက်ခဲ့တယ်။ထိုဆွေးနွေးပွဲကို မြန်မာ့အိမ်နီးချင်းငါးနိုင်ငံလုံးက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ကြတယ်။စစ်ကောင်စီကတော့လာမယ့်နှစ်မှာကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းအဓိကထားပြောခဲ့တယ်လို့သိရတယ်။ထိုင်းနိုင်ငံဟာပြီးခဲ့တဲ့နှစ်ကလဲ စစ်ကောင်စီလူရာသွင်းလိုတဲ့အနေနဲ့ဒီလိုဆွေးနွေးပွဲမျိုး ကြီးမှုးကျင်းပခဲ့သေးတယ်။ဒါပေမယ့်ထူးခြားမှုတစ်စုံတစ်ရာရှိမလာခဲ့ပါဘူး။အခုလဲစစ်ကောင်စီကို လူရာသွင်းဖို့ကြိုးပမ်းလာပြန်ပါပြီ။
တကယ်တော့တရုတ်အပါအဝင် အာဆီယံနိုင်ငံအတော်များများနဲ့အိမ်နီးချင်းနိုင်ငံတွေဟာ စစ်ကောင်စီကိုအသိအမှတ်ပြုချင်နေပါပြီ။ဘယ်ကိစ္စမဆိုမြန်မာပြည်နဲ့အလုပ်တွဲလုပ်လို့ မရတာလေးနှစ်ခန့်ရှိပြီလေ။ဒါပေမယ့်စစ်ကောင်စီကလဲ ကမ်းကုန်အောင်ပြည်သူကိုအကြမ်းဖက်နေတော့ အသိအမှတ်ပြုမရဖြစ်နေတယ်။ဒါ့ကြောင့်ဂယ်ပေါက်အနေနဲ့စစ်ကောင်စီပြုလုပ်မယ်ဆိုတဲ့ အတုအယောင်ရွေးကောက်ပွဲကိုစောင့်ဆိုင်းနေကြတယ်။ထိုရွေးကောက်ပွဲသာတကယ်ဖြစ်လာခဲ့ရင် အိမ်နီးချင်းနိုင်ငံတွေအားလုံးစစ်ကောင်စီကို တရားဝင်လူရာသွင်းလို့ရပြီလေ။