မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ကိုးကန့်အဖွဲ့MNDAAနဲ့စစ်ကောင်စီတို့ တရုတ်နိုင်ငံမှာတွေ့ဆုံခဲ့ကြတယ်။တရုတ်ရဲ့စီစဥ်ပေးမှုနဲ့ တွေ့ဆုံကြတာဖြစ်တယ်။ဒါပေမယ့်၂ရက်ကြာ တွေ့ဆုံမှုအပြီးမှာတော့ဘာအဖြေမှမထွက်ပဲ ပြီးဆုံးသွားခဲ့တယ်။စစ်ကောင်စီကလားရှိုးကို အတင်းပြန်တောင်းခဲ့ပြီးMNDAAကတော့လားရှိုးကို သူတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲကိုထည့်ဖို့ တောင်းဆိုခဲ့တယ်။နှစ်ဖက်လုံးကဆန့်ကျင်ဖက်တွေချည်း တောင်းဆိုနေတာကြောင့် ဘာရလဒ်မှထွက်လာမှာမဟုတ်ပါဘူး။လာမယ့်ဇန်နဝါရီလလယ်မှာ နောက်တကြိမ်တွေ့ဆုံကြဦးမယ်လို့သိရတယ်။
MNDAAကတော့တရုတ်ဖိအားကြောင့်စစ်ကောင်စီနဲ့ ဆွေးနွေးပွဲစကားဝိုင်းကိုတက်ရောက်နေရတာဖြစ်ပြီး စစ်ရေးအရတော့အလျော့ပေးမယ့်ပုံံမပေါ်သေးပါဘူး။နှစ်ဖက်လုံးက လဲရန်စောင်နေတာကြောင့်ဒီအချိန်မှာဘယ်လောက်ပဲဆွေးနွေးညှိနှိုင်းပါစေ ဘာအဖြေမှထွက်လာမှာမဟုတ်ဘူး။တရုတ်ရဲ့ရည်ရွယ်ချက်တွေလဲ အောင်မြင်မယ့်ပုံမပေါ်သေးပါဘူး။