မြန်မာပြည်ရဲ့ လျပ်စစ်ဓာတ်အားပြတ်တောက်မှု အခြေအနေက ဆောင်းရာသီအဝင်ဒီဇင်ဘာလမှာပဲ အတော်အခြေအနေဆိုးနေပါပြီ။ ရန်ကုန်က မြို့နယ်အတော်များများမှာ ညကိုးနာရီမှ ၁၁နာရီအထိမီးပျက်ချိန် တစ်ချိန်ထပ်တိုးသွားပြီ။ မနှစ်ကထိုအချိန်ကို နွေရာသီအပူဆုံးအချိန်ဖြစ်တဲ့ ဧပြီလနောက်ပိုင်းမှသာ မီးဖျက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ စောစောစီးစီးမီးတွေဖျက်နေပြီ။
လျှပ်စစ်မီးက လာချိန်တွေမှာလဲ ပုံမှန်မလာပါဘူး။ လာချိန်လည်း ပြတ်၊ ပြတ်ချိန်လည်း ပြတ်ပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၂ နာရီကနေ ၁၄ နာရီလောက်က မီးပြတ်နေတာပါ။ စက်မှုဇုန်များကိုလည်း နိုဝင်ဘာလမှစတင်၍ တစ်ရက်လျှင် လျှပ်စစ်မီး ၄ နာရီသာမီးပေးနိုင်တော့တယ်။ ဒီလိုအခြေအနေမျိုးကို လာမယ့်မတ်လလောက်မှာမှ ကြုံတွေ့နိုင်မယ်ထင်ခဲ့ပေမယ့် အခုစောစောစီးစီးဖြစ်လာပြီ။