ရှမ်းမြောက်ကတော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေတရုတ်ဖိအားကြောင့်ငြိမ်နေရချိန်မှာ မြန်မာနိုင်ငံတဝှမ်းစစ်ကောင်စီကိုဒေသအလိုက်တိုက်ပွဲတွေဆက်လက် ဖော်ဆောင်နေတာအားရဖို့တော့ကောင်းပါတယ်။ရှမ်းမြောက်က၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်းဟာစက်တင်ဘာလလောက်ကတည်းက ငြိမ်သက်သွားခဲ့တယ်။ဒါ့ပေမယ့်အခုဒီဇင်ဘာလလယ်ထိတိုင်အောင် ကချင်၊ကယား၊ကရင်၊ချင်းနဲ့ရခိုင်ပြည်နယ်တွေမှာတော်လှန်စစ်တွေ ဆက်တိုက်ရှိနေတာကိုတွေ့ရတယ်။ဒါကိုကြည့်ချင်းအားဖြင့် စစ်ကောင်စီတပ်တွေဟာတနိုင်ငံလုံးမှာစစ်မျက်နှာအနည်းဆုံး ငါးခုခန့်တပြိုင်နက်ရင်ဆိုင်နေရဆဲလို့ပြောနိုင်ပါတယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်တပ်ကို နလန်ပြန်မထူနိုင်အောင်အလုပ်ပေးထားနိုင်ဆဲပါ။
ဒါ့ပေမယ့်ဒီအခင်းအကျင်းမှာ တစ်ခုသတိထားမိတာကတိုက်ပွဲတွေဟာ ပြည်နယ်တွေမှာသာပြင်းထန်နေပြီးပြည်မဒေသတွေဖြစ်တဲ့တိုင်းတွေမှာ ငြိမ်သက်နေတုန်းပါပဲ။တော်လှန်ရေးအောင်မြင်ဖို့မြန်မာပြည်အလယ်ပိုင်းနဲ့စစ်ကိုင်း၊မကွေး၊ပဲခူးစတဲ့တိုင်းတွေမှာ စစ်ဆင်ရေးကြီးတွေဖော်ဆောင်နိုင်ဖို့လိုပါတယ်။ထိုဒေသတွေမှာEAOတွေမရှိပဲ NUGလက်အောက်ခံတပ်တွေအခြေစိုက်ထားတယ်။တော်လှန်ရေးဟာပြည်နယ်တွေအားလုံး သိမ်းနိုင်ရင်တောင် အောင်မြင်ဦးမှာမဟုတ်သေးပဲတိုင်းဒေသကြီးတွေကို အတိုင်းအတာတစ်ခုထိထိန်းချုပ်နိုင်မှ ဖက်ဆစ်စစ်တပ်ဟာပြိုကျမှာပါ။အခုအချိန်ထိတော့ NUGဟာလဲငြိမ်ချက်သားကောင်းနေဆဲပဲ။တော်လှန်ရေးမှာ အချိန်အကန့်အသတ်ရှိနေပြီလို့လဲNUGကိုယ်တိုင်ပြောခဲ့တာကြောင့် အချိန်ရှိတုန်းသူတို့ဘာတွေလုပ်ပြမှာလဲ စိတ်ဝင်စားစရာပဲ။