စစ်ရေးလှုပ်ရှားမှုတွေမရှိသလောက်ငြိမ်သက်သွားတဲ့ ကရင်ပြည်နယ်မှာလဲဒီလထဲမှာတော်လှန်စစ်တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်ပေါ်လာပါတယ်။မြို့သိမ်းတိုက်ပွဲတွေတော့ မရှိသေးပေမယ့်KNUကစခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြုလုပ်နေတယ်။ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီစခန်းသုံးထပ်မနည်းကိုဆက်တိုက်ဆိုသလို သိမ်းပိုက်ထားတယ်။အောင်ဇေယျစစ်ကြောင်းတည်ရှိရာ အာရှလမ်းမကြီးနဲ့ဒေါနတောင်ပေါ်မှာလဲ နှစ်ဘက်တိုက်ပွဲတွေပြန်လည်ပြင်းထန်လာနေပါတယ်။အောင်ဇေယျစစ်ကြောင်းဟာ ရှေ့မတိုးနိုင်သေးပေမယ့်သူတို့ပြန်လည်သိမ်းပိုက်ထားတဲ့ ကော့ကရိတ်မြို့ကနေစစ်ကူတွေဆက်တိုက်ပို့နေပါတယ်။
ကရင်နီပြည်နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာမိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားထောင်ကျော်စစ်ကြောင်းထိုးနေတာ တစ်လခန့်ရှိနေပါပြီ။ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ အသည်းအသန်ခုခံနေရပါတယ်။ကရင်နီကနေရာအများစုကို စစ်ကောင်စီပြန်လည်မထိန်းချုပ်သွားနိုင်ရေးမှာ တော်လှန်ရေးအဖွဲ့တွေအဓိကလိုအပ်နေတာက ခဲယမ်းဖြစ်ပါတယ်။အရင်လိုရှမ်းမြောက်EAOတွေဆီကလမ်းကြောင်းအခြေအနေအရ သိပ်မရတော့လို့ရှိတာလေးနဲ့ တိုက်ပွဲဝင်နေရတဲ့အနေအထားပါ။ဒါ့ကြောင့်ကရင်နီပြည်နယ်ဟာ စစ်ကောင်စီဘက်ကစစ်ရေးအသာစီးရနေတဲ့ရှားရှားပါးပါးဒေသတစ်ခု ဖြစ်နေတယ်။