ကချင်ပြည်နယ်၊ဗန်းမော်မြို့တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။KIAတပ်တွေဟာမြို့တွင်းအထိဝင်ရောက် ထိန်းချုပ်လာနိုင်နေပါပြီ။စစ်ကောင်စီဘက်ကတော့လေကြောင်းကိုအားပြုခုခံနေပါတယ်။
တချိန်ထဲမှာပဲKIAခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံရဲ့ဖိတ်ခေါ်မှုအရဆွေးနွေးပွဲတွေ တက်ရောက်ဖို့ထွက်ခွာသွားတယ်။ဘယ်ကိစ္စတွေဆွေးနွေးကြမလဲတော့ မသိရသေးပါဘူး။ဖြစ်နိုင်တာကတော့ကချင်ပြည်နယ်ထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပါအဝင်တိုက်ပွဲတွေရပ်ရန်၊နယ်စပ်ဂိတ်တွေပြန်ဖွင့်ရန်နဲ့ မြေရှားသတ္ထုတွင်းကိစ္စတွေ အဓိကဆွေးနွေးနိုင်ပါတယ်။KIAအပေါ်တရုတ်ရဲ့ သြဇာသက်ရောက်မှုဟာအကန့်အသတ်ရှိနေတဲ့အတွက် သိပ်တော့စိတ်ပူစရာမလိုဘူးလို့ထင်မိတယ်။