ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ တပြိုင်နက်တိုက်ခိုက်နေတာပါ။ဗန်းမော်မြို့အရှေ့ဘက်ကမိုးမောက်မြို့ကို KIAကပြီးခဲ့တဲ့လတွေကတည်းက သိမ်းပိုက်ထားပြီးဗန်းမော်ရဲ့ကာကင်းတပ်ရင်းတစ်ခုကိုလဲ သိမ်းပိုက်ထားသေးတယ်။ဒါ့ကြောင့်စစ်ကောင်စီတပ်တွေဟာမိုးမောက်မြို့ကိုပြန်ရဖို့ ဆက်တိုက်ဆိုသလိုစစ်ကြောင်းထိုးနေစဥ်မှာပဲ အခုဗန်းမော်မြို့တိုက်ခိုက်ခံနေရတာပါ။ဒီနေ့မှာပဲဗန်းမော်တက္ကသိုလ်နဲ့တကွ မြို့ဝန်းကျင်ကစစ်ကောင်စီတပ်စခန်းအများအပြားကို သိမ်းပိုက်နိုင်လိုက်တယ်။အခုစစ်ဆင်ရေးဟာ KIAသမိုင်းတလျှောက်အကြီးဆုံးစစ်ဆင်ရေးလို့လဲဆိုကြတယ်။
ဒီဇင်ဘာ ၁၇၊ ၂၀၂၄။ (အင်္ဂါ)
ရခိုင်ပြည်နယ်၊အမ်းမြို့ရှိအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တိုက်ခိုက်နေတဲ့ဓာတ်ပုံနဲ့ဗီဒီယိုဖိုင်တွေကိုအေအေဘက်ကထုတ်ပြန်လာပါတယ်။ဓာတ်ပုံတွေထဲမှာ အေအေရဲ့ထိုးစစ်ကြောင့်နပခဌာနချုပ်အဆောက်အအုံကြီးတစ်ခုလုံး မီးလောင်ပျက်စီးနေတာကိုရှင်းလင်းစွာတွေ့မြင်ရတယ်။ထုတ်ပြန်မှုထဲမှာတိုက်ပွဲအတွင်း လက်နက်ချလာတဲ့စစ်ကောင်စီတပ်သားတွေရဲ့ဗီဒီယိုဖိုင်တွေလဲပါတယ်။...