Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပခုက္ကူ လေယာဉ်ကွင်း စစ်ရေးအတွက် သုံးမည်

မကွေးတိုင်း ပခုက္ကူမြို့ရှိ အရပ်ဘက် လေယာဉ်ကွင်းကို နှစ်ပေါင်းများစွာ မသုံးဘဲ ပစ်ထားရာမှ ယခုအခါ စစ်ကောင်စီက စစ်ရေးအတွက် သုံးရန် ပြန်လည်ပြင်ဆင်နေပြီး လေဆိပ်ဝန်းကျင် ရွာများကို လေကြောင်းပစ်ကူဖြင့် ရှင်းလင်းနေသည်။

November 25, 2024
in သတင်း
Reading Time:2 mins read
Share on FacebookShare on Twitter

မကွေးတိုင်း ပခုက္ကူမြို့ရှိ အရပ်ဘက် လေယာဉ်ကွင်းကို နှစ်ပေါင်းများစွာ မသုံးဘဲ ပစ်ထားရာမှ ယခုအခါ စစ်ကောင်စီက စစ်ရေးအတွက် သုံးရန် ပြန်လည်ပြင်ဆင်နေပြီး လေဆိပ်ဝန်းကျင် ရွာများကို လေကြောင်းပစ်ကူဖြင့် ရှင်းလင်းနေသည်။

ထိုလေယာဉ်ကွင်းကို ၂၀၀၂ ခုနှစ်က မြောက်လူးကန်၊ အုတ်ကန်၊ ပန်းတိုင်းခြုံ၊ ကြီးရွာများမှ တောင်သူ ၁၅၀ကျော်၏ ယာမြေများသိမ်း၍ လေကြောင်းပို့ဆောင်ရေးဦးစီးဌာနနှင့် ဟုန်ပန်းဆောက်လုပ်ရေးကုမ္ပဏီတို့က ၂ နှစ်ကြာ ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်၌ ဖွင့်ခဲ့သော်လည်း မိုင် ၂၀ အကွာ ညောင်ဦးလေဆိပ်ကိုသာ အဓိကသုံးနေသဖြင့် သမ္မတဦးသိန်းစိန် လက်ထက် ပုဂံဘုရားများ လေယာဉ်သံ တုန်ခါမှုကြောင့် ပျက်စီးမည်စိုး၍ ပခုက္ကူလေဆိပ်ကို ပြန်သုံးရန် စီမံခဲ့ဖူးသည်။

မကွေးတိုင်းအတွင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်ရှိ ကျောက်ထုလေဆိပ်မှာလည်း တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်ခြင်း မကြာခဏ ခံနေရသလို ချင်းပြည်နယ် တိုက်ပွဲများကြောင့် ပခုက္ကူလေယာဉ်ကွင်းကို စစ်ကောင်စီက မေလကစ၍ ပြင်ဆင် သုံးရန်လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။

“တိုက်လေယာဉ်တွေထိ သုံးလို့ရအောင် ပြင်ဆင်နေတာမျိုးတွေ့ရတယ်၊ ကတ္တရာ ကွန်ကရစ်ထုကိုက အရှည် ၂ မိုင်ကျော် လောက်ကို တတောင်ထုလောက်ထိ ထပ်ပိုးထားတယ်လို့ သိရတယ်၊ အဲဒီအရှည်ဆိုရင် တိုက်လေယာဉ်ပြေးလမ်းအတွက် ကောင်းကောင်းအသုံးဝင်တယ်လေ”ဟု ၎င်းက ပြောသည်။

လေယာဉ်ကွင်း ပြင်ဆင်ခြင်းကို တပ်အင်အားအပြင် အရပ်သားများ ခေါ်ယူအသုံးပြုခဲ့သလို ပြင်ဆင်မှုစချိန် ကတည်းက တော်လှန်ရေးအင်အားစုများက နှောက်ယှက်တိုက်ခိုက်ခြင်းများ တောက်လျှောက် ပြုလုပ်ခဲ့သည်။

ပခုက္ကူလေယာဉ်ကွင်းပြ မြေပုံ (ဧရာဝတီ)

“ပြင်ဆင်နေချိန်မှာ PDF တွေက ရှော့တိုက်ဒုံးနဲ့ ပစ်တာ ဒရုန်းနဲ့ ဗုံးသီးချတာ သွားရောက် ပစ်ခတ်တာတွေ ရှိခဲ့တယ် အခု လေယာဉ်ကွင်းက ပြင်ဆင်ပြီးသလောက်ဖြစ်နေပြီဆိုတော့ ဖွင့်ပွဲလုပ်ဖို့ရာ ဒီဘက်ကနေ နှောက်ယှက်မှုတွေ မပေးနိုင် အောင် PDF နယ်မြေတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းတာမျိုးပေါ့ဗျာ”ဟု ပခုက္ကူပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက ပြောသည်။

နိုဝင်ဘာ ၂၁ရက် မနက်က လေဆိပ်နှင့် ကပ်လျှက်ရှိ ရေစကြိုနှင့် ပခုက္ကူနယ်အစပ်မှ သဲတော၊ ကျောက်လှေခါးရွာများကို ပခုက္ကူရှိ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်နှင့် ခမရ ၂၅၉ ၊ ခမရ ၂၅၇၊ ခမရ ၂၅၈ ခြေမြန်တပ်ရင်းများမှ အင်အား ၂၅၀ နှင့် ရှင်းလင်းနေသလို လေကြောင်းမှလည်း တိုက်ခိုက်ရာ ဘုန်းကြီးကျောင်းနှင့် အိမ် ၆လုံးပျက်စီးပြီး ဒေသခံ ၁၀ ဦးကို ဖမ်းသွားကြောင်းသိရသည်။

“ပခုက္ကူလေယာဉ်ကွင်းမှာ လေယာဉ်အတက်အဆင်းလုပ်ဖို့ ပြင်နေကြတာရှိတယ်၊ လုံခြုံရေးယူထားကြတာတွေလည်း ရှိ တယ်၊ အဓိကတော့ အဲဒီမှာ လေယာဉ်ကွင်း ပြုပြင်တာတွေကို တော်လှန်ရေးဘက်က ဒရုန်းချတာ၊ တိုက်ခိုက်တာတွေ လုပ်တော့ လေယာဉ်ကွင်းပတ်ချာလည်ကို ရှင်းလင်းရေးလုပ်တာမျိုးလို့ သုံးသပ်လို့ရတယ်”ဟု ရေစကြို ပကဖမှ ရဲဘော် ဝေကြီးက ပြောသည်။

ပခုက္ကူလေဆိပ်အား စစ်ရေးအတွက် သုံးပါက စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းမှ တော်လှန်ရေး အင်အားစုများ နှင့် ဒေသခံများ ပို၍ သတိထားရန်လိုပြီး အချိန်တိုအတွင်းရောက်နိုင်သဖြင့် လေကြောင်းတိုက်ခိုက်မှု ပိုများလာနိုင်ကြောင်း လေတပ်မှ CDM အုပ်ခွဲတပ်ကြပ်ကြီး နေဝင်းအောင်က ဆိုသည်။

မကွေးတိုင်း ပခုက္ကူလေဆိပ် (CJ)

“ပခုက္ကူလေဆိပ်ကို အသုံးပြုမယ်ဆိုတာက ကျောက်ထုလေဆိပ်က အခုလက်ရှိ ဆီပို့ရတာ အခက်အခဲရှိတယ်၊ အဲဒီတော့ ကျောက်ထုမှာ လေတပ်က တပ်စွဲဖို့ မဖြစ်နိုင်တော့လို့ လုပ်လာတာမျိုးလို့ မြင်တယ်၊ ကျောက်ထုကနေ အရင်က ရခိုင်နဲ့ ချင်းပြည်နယ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာ၊ အခုမင်းတပ်မှာ တိုက်ပွဲတွေ ဖြစ်နေတော့ လေကြောင်း လိုအပ်မှုအရ ပခုက္ကူကို အသုံးပြုဖို့ လုပ်လာတာမျိုးပေါ့”ဟု သူက ပြောသည်။

တပ်မတော် (လေ)၏ လေတပ်စခန်းများကို ရန်ကုန်တိုင်းအတွင်း မှော်ဘီနှင့် မင်္ဂလာဒုံ၊ မန္တလေးတိုင်း မိထ္တီလာ၊ တံတားဦး၊ ပဲခူးတိုင်း တောင်ငူ၊ ဧရာဝတီတိုင်း ပုသိမ်၊ စစ်ကိုင်းတိုင်း မုံရွာ၊ ဟုမ္မလင်း၊ မကွေးတိုင်း မကွေး၊ ကျောက်ထု၊ တနင်္သာရီတိုင်း မြိတ်၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်တောင်ပိုင်း နမ့်စန်၊ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ ရခိုင်ပြည်နယ်တွင် အမ်းနှင့် နေပြည်တော်တွင် ဧလာတို့ရှိရာ ယခုအခါ လေယာဉ်ကွင်းများရှိရာ လားရှိုးနှင့် ရခိုင်ပြည်နယ် သံတွဲလေဆိပ်မှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တို့က သိမ်းလိုက်ပြီဖြစ်သည်။

စစ်ရေးလေ့လာသူတဦးက “အရှေ့မြောက်တို့ မြောက်ဘက်ခြမ်းတို့တွေမှာ ဆုံးရှုံးတာတွေ များလာတဲ့အခါကျ‌တော့ အပေါ် ဘက် လေယာဉ်ကွင်းတွေ လုံခြုံမှုက စိတ်ချရဖို့ မရှိတော့ဘူး၊ တံတားဦး၊ တောင်ငူ၊ မင်္ဂလာဒုံ၊ မှော်ဘီ လေဆိပ်တွေ ခဏ ခဏ ပစ်ခံနေရတဲ့အခါကျတော့ အရန်လေယာဉ်ကွင်းတွေဆောက်ဖို့ လိုလာတာရယ် နောက်တခုက ချင်းတို့ ရခိုင်တို့ စစ်မျက်နှာတွေကို လေယာဉ်အတက်အဆင်း မြန်အောင်လို့ရယ် ဒါကြောင့်မို့ လေယာဉ်ကွင်းအသစ်တွေ ဖောက်တာ”ဟု စစ်ရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။

ပခုက္ကူတွင် ဒုတိယကမ္ဘာစစ်အတွင်းက ဖောက်ခဲ့သည့် လေယာဉ်ကွင်းဟောင်းရှိပြီး ဖဆပလအစိုးရလက်ထက် အရပ်ဖက် လေယာဉ်များ ပျံသန်းပြေးဆွဲခဲ့သော်လည်း နောက်ပိုင်း အသုံးမပြုတော့ကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီ လက်ထက်တွင် လေယာဉ်ကွင်းသစ် ထပ်မံဖောက်ခဲ့ခြင်းဖြစ်သည်။

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English