ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကိုင်းတိုင်း၊ပုလဲမြို့ထဲကစစ်ကောင်စီတပ်တွေကို ဗိုလ်နဂါးဦးဆောင်တဲ့BRNAတပ်တွေဝင်ရောက်တိုက်ခိုက်နေပါတယ်။BRNAဟာ ပုလဲ၊ယင်းမာပင်ဒေသမှာအခြေစိုက်ထားပြီးNUGလက်အောက်မှာမရှိပဲ သီးခြားရပ်တည်နေတဲ့တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်တယ်။ထိုတပ်ဖွဲ့ဟာအင်အားရောနာမည်ပါရှိတာကြောင့် အခုပုလဲမြို့ကိုသိမ်းပိုက်ဖို့ကြိုးစားလာတာကို စောင့်ကြည့်ရမှာပါ။ပုလဲမြို့ကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းကာပြီးခဲ့တဲ့သြဂုတ်လတုန်းကသိမ်းပိုက်ဖို့ကြိုးစားခဲ့ပေမယ့် တစ်ရက်သာထိန်းချုပ်နိုင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ် မုံရွာနဲ့မိုင်၃၀ခန့်သာကွာဝေးတာကြောင့် ထိုမြို့ကိုသိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။