ထရမ့်တက်လာတာ တော်လှန်ရေးအတွက်အဆိုးချည်းပဲတော့ မဟုတ်ပါဘူး။ကောင်းကွက်လေးတွေလဲ မျှော်လင့်လို့တော့ရပါသေးတယ်။ထရမ့်ဟာတရုတ်မုန်းတီးရေးဝါဒီသမားတစ်ဦးဖြစ်တာကြောင့် တရုတ်နိုင်ငံကိုကိုင်တွယ်ရာမှာ မြန်မာပြည်ကတော်လှန်ရေးအင်အားစုတွေကို အသုံးချလာနိုင်ပါတယ်။ဒူပေမယ့်လဲ ဒါဟာမှန်းဆချက်တစ်ခုသက်သက်သာဖြစ်တယ်။
တကယ်တော့ဘိုင်ဒန်အစိုးရလက်ထက်မှာလဲ မြန်မာ့အရေးထိရောက်စွာမကူညီခဲ့ပါဘူး။အနိမ့်ဆုံးလုပ်ပေးလို့ရတဲ့ လေယာဥ်ဆီနဲ့သဘာဝဓာတ်ငွေ့တွေပိတ်ဆို့မှုကိုတောင် အခုချိန်ထိမလုပ်ပေးသေးပါဘူး။၂၀၂၂ကတည်းကပြဌာန်းထားတဲ့ Burma Act ဥပဒေကိုအကောင်အထည်ဖော်ဖို့တောင် အချိန်ဆွဲထားတယ်။အမေရိကန်မှာ ဘယ်သူပဲသမ္မတဖြစ်ဖြစ် ကိုယ့်အားကိုယ်ကိုးရမှာပါပဲ။