BPLAအဖွဲ့အညာဒေသမှာ အခြေချမယ့်ကိစ္စတော်လှန်ရေးအင်အားစုတွေကြား နှစ်ဖွဲ့ကွဲနေပါတယ်။BPLAဟာNUGလက်အောက်မဝင်ပဲ သီးခြားရပ်တည်သွားမယ်လို့ ပြောထားတာနဲ့ပက်သတ်ပြီးပြသာနာဖြစ်နေတယ်။ဗမာပြည်မမှာNUGကလွဲပြီး အခြားတော်လှန်ရေးအင်အားစုတွေမရှိသင့်ဘူးဆိုတဲ့တစ်ဖွဲ့နဲ့၊ဘယ်သူလာလာဘုံရန်သူဖြစ်တဲ့စစ်ကောင်စီကို တိုက်ဖို့အရေးကြီးတယ်ဆိုတဲ့တဖွဲ့ သဘောထားကွဲလွဲနေတယ်။ဒီကိစ္စနဲ့ပက်သတ်ပြီးNUGဘက်ကတော့ ဘာမှမှတ်ချက်မပေးသေးပါဘူး။NUGကာကွယ်ရေးဝန်ကြီးနဲ့BPLAခေါင်းဆောင်တို့ နှစ်ဦးကြားရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိတယ်လို့လဲသိရတယ်။လက်ရှိအခြေအနေမှာတော့ ဖက်စစ်စစ်တပ်အနားမရရေးသာ အဓိကဖြစ်တယ်လို့ယူဆမိတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


