နိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာ မြို့တွေဆက်တိုက်သိမ်းနေစဉ်မှာပဲတောင်ပိုင်းကရင်ပြည်နယ်မှာလဲ စစ်ရေးလှုပ်ရှားမှုတွေရှိလာတယ်။လေးကေကော်မြို့နားကစစ်ကောင်စီအမြောက်ကုန်းကို KNUကသိမ်းပိုက်လိုက်နိုင်တယ်။ဒါ့ကြောင့်လေးကေကော်ဒေသမှာ စစ်သူပုန်တွေကင်းစင်သွားပါပြီ။ထိုအမြောက်ကုန်းကိုသိမ်းနိုင်ဖို့၂လကျော်ကြာ ပိတ်ဆို့ထားခဲ့ရတာပါ။မြောက်ပိုင်းမှာမြို့တွေသိမ်းနိုင်ချိန်တောင်ပိုင်းမှာ အမြောက်ကုန်းလေးသိမ်းနိုင်တာကို ရေးကြီးခွင်ကျယ်လုပ်နေရတယ်။
ဒါ့အပြင်စစ်ကောင်စီဟာဒေါနတောင်ပေါ်မှာရပ်တန့်နေတဲ့ အောင်ဇေယျစစ်ကြောင်းကို ပြန်လည်အသက်သွင်းလာတယ်။လူအင်အားဖြည့်တင်းပြီး ပြန်လည်စစ်ကြောင်းထိုးလာပါတယ်။ဒါပေမယ့်တော်လှန်ရေးတပ်တွေခုခံမှုကြောင့် ထင်သလောက်ခရီးမပေါက်သေးပါဘူး။