Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ဘုတလင်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် ဒေသခံသောင်းနှင့်ချီ ထွက်ပြေးနေရ

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

October 8, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်း ထိုးလာခြင်းကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ မုံရွာမြို့ဘက်မှ ခြေလျင်ထွက်လာ ပြီး လမ်းတလျှောက်ရှိကျေးရွာများကို ဝင်ရောက်နေခြင်းဖြစ်ကြောင်း Budalin Mobile Team အဖွဲ့ ဘဏ္ဍာရေးတာဝန်ခံ ဆရာဇော်က ပြောသည်။

“လူဦးရေကတော့ တော်တော်ကိုများမယ်။ ခုဟာက စစ်ကြောင်းလာတဲ့လမ်းတလျှောက်လုံး ပြေးရတာဆို တော့ ၂၀,၀၀၀ ၊ ၃၀,၀၀၀ လောက်တောင် ရှိနိုင်တယ်” ဟု ပြောသည်။

အဆိုပါ စစ်ကြောင်းသည် မုံရွာ-ဘုတလင်လမ်းတလျှောက်ကျေးရွာများကို ဝင်ရောက်နေသည့်အတွက် တရော်တော၊ ယုန်လှေးကုန်း၊ ကုက္ကိုစု၊ အုတ်ကျင်း၊ ညောင်ကန်၊ ရွာသာကျေးရွာများအပါအဝင် ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းတလျှောက် ရွာတွေကိုဝင်တယ်။ ကံဆွယ်မှာ တညတပ်စွဲတယ်။ မနေ့(အောက်တိုဘာ ၇ ရက်)က တရော်တော၊ ယုံလှေးကုန်းကိုဝင်တယ်။ ဒီနေ့မနက်ထွက်လာပြီးတော့ ခုလောလောဆယ် ကုက္ကိုစု၊ အုတ် ကျင်းကို ခွဲပြီးတပ်စွဲနေတယ်။ ဝင်ခဲ့တဲ့ရွာတွေမှာ ပြည်သူတွေရဲ့ပစ္စည်းတွေယူတယ်”ဟု ဆရာဇော်ကပြော သည်။

စက်တင်ဘာလ ၃၀ ရက်နေ့က ဘုတလင်မြို့နယ် ကူတော်ရဲစခန်းမှ ထွက်လာသည့် အင်အား ၈၅ ဦးပါ စစ် ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ခဲ့ရာ ၃၃ ဦးသေဆုံးပြီး ဗိုလ်ကြီးနှစ် ဦးအပါအဝင် ၄၃ ဦးဖမ်းခံခဲ့ရပြီးနောက် လေးရက်အကြာတွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်း ဖြင့် ဘုတလင်မြို့နယ်ထဲသို့ ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှောက်တွင် အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်ခြင်း များလုပ်ဆောင်နေကြောင်း ဆရာဇော်က ဆိုသည်။

“ဓားစားခံ ၁၄ ယောက် ဖမ်းထားတယ်၊ မနေ့က တရော်တောမှာ အမျိုးသမီးလေးယောက်ဖမ်းခံရပြီး နှစ်ယောက်တော့ ပြန်လွတ်လာတယ်။ ဒီမနက်မှာလည်း ဆိုင်ကယ်နဲ့စျေးရောင်းတဲ့ စျေးသည်တချို့ ဖမ်းဆီး သတ်ဖြတ်ခံထားရတယ်လို့လည်း ကြားရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဘုတလင်မြို့သို့ဦးတည်သွားနေခြင်းဖြစ်ပြီး မြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ နှင့်ပူးပေါင်းကာ ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ၏စစ်ကြောင်း တခုလုံးချေမှုန်းခံလိုက်ရသည့် ကူတော်၊ ကတိုး စသည့်ကျေးရွာများအထိ စစ်ကြောင်းထိုးနိုင်သည့် အလားအလာရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ များက ဆိုသည်။

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English