Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

တောင်ကုတ်ကို ၄ရက်အတွင်း ၃ကြိမ် စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊အရပ်သား ၂၀ ခန့် သေဆုံး

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလ ၄ရက်နှင့် အောက်တိုဘာလ ၇ရက်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အချို့အပါအဝင် အရပ်သား၂ဝဦးခန့်သေဆုံးကြောင်း အာရက္ခတပ်တော်(AA)ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။

October 8, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလ ၄ရက်နှင့် အောက်တိုဘာလ ၇ရက်တွင် လေကြောင်းမှ သုံးကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အချို့အပါအဝင် အရပ်သား၂ဝဦးခန့်သေဆုံးကြောင်း အာရက္ခတပ်တော်(AA)ထုတ်ပြန်ချက်နှင့် ဒေသခံများထံမှသိရသည်။

တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ ၊ရွာမရွာသစ်ဈေးအနီးနှင့် ရွှေပြည်သာဆိပ်ကမ်းဘက်ကိုယမန်နေ့(အောက်တိုဘာ ၇ ရက်) ည ၁၁ နာရီကျော်အချိန်ခန့်တွင် စစ်ကောင်စီကလေကြောင်းမှ ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ရာအရပ်သား ၁၂ ဦး သေဆုံးပြီး ခြောက်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်(AA)ပြောခွင့်ရသူ ခိုင်သုခက ပြောသည်။

” အဲဒီနေရာမှာ ဘာတိုက်ပွဲမှမရှိဘူး။ အရပ်သားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနှင့်ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်ပါတယ်” ဟု ခိုင်သုခကမဇ္ဈိမကိုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၇ လုံးလည်းပျက်စီးခဲ့သည်ဟု ဆိုသည်။

တန်းလွဲရွာမမြို့သည် တောင်ကုတ်မြို့မြောက်ဘက် ၁၅ ကျော် မိုင်အကွာတွင်ရှိသည်။မဇ္ဈိမမှ ရရှိထားသည့် ဓာတ်ပုံမှတ်တမ်းများအရသေဆုံးသူများတွင် ကလေးငယ်တဦးပါဝင်ပြီး သက်ကြီးရွယ်အိုနှစ်ဦးအပါအဝင် အမျိုးသားခုနစ်ဦးအမျိုသမီးလေးဦး စုစုပေါင်း ရုပ်အလောင်း ၁၁လောင်းကို တွေ့ရှိရသည်။ ဒဏ်ရာရသူများ၏ အခြေအနေသည် စိုးရိမ်ရကြောင်း ဒေသခံသတင်းရင်းမြစ်ပြောသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသည် တောင်ကုတ်မြို့နယ်အတွင်း လေးရက်အတွင်း သုံးကြိမ် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဖြစ်သည်။

အောက်တိုဘာလ ၄ ရက်က နံနက်နှင့် ညနေပိုင်းက တောင်ကုတ်မြို့နယ် ကင်းတောင်စံပြကျေးရွာကို လေကြောင်းမှ နှစ်ကြိမ်တိုက်ခိုက်ရာ အသက် ၁၀ နှစ် အရွယ်ကလေးငယ်အပါအဝင် အရပ်သားခုနစ်ဦးသေဆုံးပြီး ၂၀ ဦးခန့်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။

” စဉ်းစားကြည့်ဗျာ။ ပေါင်၅၀၀ ဗုံးတွေကြဲတာ ခဏခဏ။ အိမ်တွေနားကျတာမှာ အရပ်သားတွေ ထိတာပါ။ ဒီနေရာပတ်ဝန်းကျင်မှာ တိုက်ပွဲတွေရှိမနေပါဘူး” ဟု တောင်ကုတ်မြို့ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီသည် ရှုံးမဲမဲကာ အရပ်သားပြည်သူ လူထုများအား လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်  ပြစ်မှုကျူးလွန်ခြင်းများကို ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း AAက ယ‌နေ့(အောက်တိုဘာလ ၈ရက်) နံ

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English