စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ ဆိုးရွားစွာ ရေကြီးမှုတွေဖြစ်ပေါ်နေပါတယ်။ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပျဥ်းမနားနှင့် တပ်ကုန်းမြို့နယ်တို့တွင် ရေတက်နေပြီး ကျေးရွာအများအပြားရေမြုပ်ကာ ပြည်သူများပိတ်မိနေကြတယ်။ ရေစီးသန်နေတာကြောင့် စက်လှေတွေနဲ့ ကူးမရလို့ခ သစ်ပင်ပေါ်တွေ၊ ခေါင်မိုးပေါ်က လူတွေကိုထမင်းထုပ် လိုက်ဝေနေရတယ်။ ဖေ့ဘုတ်ပေါ်မှာလဲ ရေဘေးဒုက္ခတွေ့နေသူတွေရဲ့ အကူအညီတောင်းခံမှုတွေ အများအပြားပြန့်နံံလာတယ်။
အလားတူ သည်းထန်စွာရွာသွန်းနေသောမိုးကြောင့် မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ်ရှိ စမုံဆည်နှင့် ကင်းတားဆည်မှာ ရေများဖွင့်ချနေရပြီး ဆည်အောက်ဘက်ရှိ ကျေးရွာအများအပြားရေမြုပ်နေတယ်။
တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ ယာဂီမုန်တိုင်းအရှိန်နဲ့ဖြစ်ပေါ်လာသည့် တိမ်တိုက်များနှင့် လေပွေလှိုင်းများကြောင့် မနေ့ကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနေတာပါ။