အကြီးအကျယ်စစ်ရှုံးနေတဲ့စစ်ကောင်စီတပ်ဟာ တိုက်ပွဲမဖြစ်ပွားတဲ့မြို့တွေကိုလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။၁၀၂၇စစ်ဆင်ရေးပထမပိုင်းကတည်းက MNDAAသိမ်းပိုက်ထားတဲ့တဏုတ်နယ်စပ်ကလောက်ကိုင်မြို့ကို အကြောင်းမဲ့ဗုံးကြဲနေတာလေးကြိမ်ရှိသွားပါပြီ။TNLAသိမ်းပိုက်ထားတဲ့သိန္ဒီမြို့ကိုလဲ သုံးကြိမ်ခန့်ဗုံးကြဲထားတယ်။မြို့မစျေးကိုပါဗုံးကြဲသွားလို့ ပြည်သူအများအပြားသေဆုံးခဲ့သေးတယ်။ဒီရက်ပိုင်းမှာလဲကွတ်ခိုင်မြို့မစျေးကို ဗုံးကြဲလို့ပြည်သူ၄ဦးခန့်သေဆုံးပြီးဆိုင်ခန်းတစ်ရာကျော်မီးလောင်ပျက်စီးသွားတယ်။စစ်ကောင်စီတပ်ဟာလူစုလူဝေးများတဲ့စျေးလိုနေရာမျိုးကိုပဲ ရွေးချယ်ဗုံးကြဲနေတာပါ။
ရှမ်းမြောက်မှာတင်မကပဲ မန္တလေးတိုင်းစဉ့်ကူးမြို့နယ်ထဲကရွာတွေကိုလဲ တိုက်ပွဲမရှိပဲဗုံးကြဲခဲ့လို့ဒေသခံတချို့သေဆုံးမှုတွေရှိနေတယ်။NUGPDFတွေသိမ်းပိုက်ထားတဲ့ စဉ့်ကူးမှာရွာတွေတင်မက မြို့ပေါ်ကိုပါရက်ခြားဆိုသလို ဗုံးကြဲနေတာပါ။စစ်ကောင်စီဟာမြေပြင်စစ်ပွဲတွေမှာ မရှုမလှရှုံးနိမ့်နေတဲ့အတွက် လေကြောင်းကနေအရပ်သားတွေကိုပစ်မှတ်ထားပြီး ဆက်တိုက်ဗုံးကြဲကာ အကြောက်တရားရမလားလို့စိတ်ကူးယဉ်နေပါတယ်။တော်လှန်ရေးအဖွဲ့တွေနဲ့ပြည်သူတွေကတော့ အကြောက်တရားမရတဲ့အပြင်စစ်ကောင်စီကို နာကျည်းမှုတွေသာပိုမိုဖြစ်ပေါ်စေမှာပါ။