နိုင်ငံတဝန်းစစ်ဘေး၊ရေဘေးသင့်နေချိန်မှာ စီးပွားရေးအခြေအနေကလဲ သိပ်မကောင်းပါဘူး။စစ်ကောင်စီကနိုင်ငံဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို နောက်လကစပြီးလစာသုံးသောင်းတိုးပေးပါတော့မယ်။ဒီသတင်းကြောင့် မြန်မာကျပ်ငွေတန်ဖိုးပိုထိုးကျသွားပါတယ်။စစ်ကောင်စီကိုယ်တိုင်ကြပ်တည်းနေချိန်မှာ ဝန်ထမ်းတွေကိုလစာတိုးပေးမယ်ဆိုတော့ငွေစက္ကူတွေထပ်ရိုက်ရုံအပြင် တခြားနည်းလမ်းမရှိဘူးလေ။လတ်တလောတရိပ်ရိပ်ထိုးကျနေတဲ့ ကျပ်ငွေတန်ဖိုးဟာပိုမိုဆိုးရွားလာပါတယ်။ဒီလဆန်းပိုင်းကတစ်ဒေါ်လာကျပ်၅၀၀၀အထိတက်သွားတဲ့ဒေါ်လာစျေးဟာ ၄၆၀၀ကျပ်ကိုပြန်လည်ကျဆင်းသွားပေမယ့်လစာတိုးမယ့်သတင်းထွက်လာပြီးနောက် ၅၆၀၀အထိထိုးတက်သွားပါတယ်။ဒီရက်ပိုင်းဆိုရင်တရက်ကို ကျပ်၁၀၀နှုန်းခန့်နဲ့တက်နေတာပါ။ရွှေစျေးဟာလဲတစ်ကျပ်သားကို သိန်း၆၀ကျော်သွားပါပြီ။တစ်ဒေါ်လာကျပ်၅၀၀၀ကျော်ဆိုတာအရင်က တွေးတောင်မကြည့်ဖူးပါဘူး။ဒေါ်လာစျေးနဲ့ရွှေစျေးကတော့စစ်အာဏာသိမ်းပြီးကတည်းက တောက်လျောက်အတက်ကြမ်းလျက်ရှိနေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


