စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် မတောကျေးရွာကို မနေ့မနက်ပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဒေသခံ (၃၀)ကျော် သေဆုံးခဲ့ပါတယ်။ ထိုရွာမှာ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ မင်္ဂလာပွဲ ကျင်းပနေချိန် စစ်အပ်စုက တိုက်လေယာဉ်နဲ့ ပေါင်(၅၀၀)ဗုံးနှစ်လုံး ကြဲချသတ်ဖြတ်ခဲ့တာ ဖြစ်တယ်။
လေကြောင်းဗုံးကြဲခံရလို့ ဒဏ်ရာရသူတွေလည်း အများအပြားရှိကာ ဗုံးထိပြီးတစစီဖြစ်နေတဲ့ အလောင်း တွေကို ကျန်ရစ်သူတွေက လိုက်လံကောက်ယူနေချိန် မင်းကင်းမြို့ပေါ်နေ စစ်အုပ်စုက လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်သတ်ဖြတ်ဖို့ ကြိုးစားနေလို့ အလောင်းအားလုံး မကောက်ယူနိုင်သေးဘူး။ အသေအပျောက်တွေများလွန်းလို့ခန္ဓာကိုယ် တစဆီ လိုက်ကောက်ရတဲ့ အနေအထားပါ။ လက်နက်ကြီး တွေနဲ့ဆက်ပစ်နေလို့ အတည်ပြုလို့တောင်မရသေးပါဘူး။ စစ်သူပုန်တွေဟာ အခုနောက်ပိုင်း အညာ ဒေသမှာ လူစုလူဝေးတွေ့တာနဲ့ လေယာဥ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ထုနေလို့ သေဆုံးရတဲ့ပြည်သူတွေ အတော်များနေပါပြီ။