ကရင်နီပြည်နယ်ကို စစ်ကောင်စီကထိုးစစ်တွေ ပြန်လုပ်ဖို့ ပြင်ဆင်နေတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းကနေ စစ်ကြောင်းထိုးနေပြီး လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်။ ကရင်နီတော်လှန်ရေးအဖွဲ့တွေရဲ့ ၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်လည် ထိုးစစ်ဆင် လာတာပါ။ ရှမ်းတောင်က PLNOတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဆီဆိုင်မြို့ကိုလဲ စစ်ကောင်စီက ပြန်လည် သိမ်းပိုက်လိုက်ပါပြီ။ ထိုမြို့မှာ အင်အားစုပြီး ကရင်နီပြည်နယ်ထဲကို တဖြည်းဖြည်းနဲ့ တိုးဝင်လာလို့ ရှမ်းကရင်နီနယ်စပ်မှာ တိုက်ပွဲတွေနေ့စဥ်နီးပါးဖြစ်နေတယ်။ လောလောဆယ်ဆီဆိုင်မြို့မှာ အင်အား ၅၀၀ ခန့်စုစည်းနေပြီး လွိုင်ကော်မြို့ထဲမှာလဲ အင်အား၂၀၀၀ ခန့်ရှိနေတယ်။ ဒီတခေါက်ထိုးစစ်မှာ စစ်ကောင်စီဘက်က ဒရုန်းတွေသုံးလာလို့ တော်လှန်ရေးအဖွဲ့တွေ ဂရုစိုက်နေရတယ်။ အရင်က တမြို့လုံးနီးပါး ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့က တချို့နေရာတွေကို ပြန်ပေးလိုက်ရပြီး တော်လှန်ရေးအဖွဲ့တွေက မြို့ရဲ့ ၅၀ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်တော့တယ်။ စစ်ကောင်စီက လွိုင်ကော်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားမှာမို့ ကရင်နီပြည်နယ်မှာ တိုက်ပွဲတွေပိုမိုပြင်းထန် လာနိုင်ပါတယ်။