Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

14 May 2024

May 14, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

မန္တလေးမြို့တွင် စစ်မှုထမ်းဥပဒေအရ သတ်မှတ်အသက်အရွယ်အတွင်း အကျုံးဝင်သူများ မြို့မှ ထွက်ခွာ ခြင်းမရှိစေရန် ကျန်မိသားစုဝင်များတာဝန်ယူရမည်ဆိုကာ စစ်တပ်က ဖိအားပေးနေကြောင်း ဒေသခံများထံက သိရသည်။

မေလဆန်းပိုင်းမှ စတင်ကာ စစ်တပ်က ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စု စာရင်းစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ထိုကဲ့သို့ ဖိအားပေးမှုများပြုလုပ်ခဲ့ခြင်းဟု သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်တွင် နေထိုင်သူတဦးက “လာစစ်တုန်းက အိမ်ထောင်စုဇယား တောင်းတယ်။ လူဦးရေ စစ်တယ်။ အိမ်ထောင်စုထဲက လူဦးရေအတိုင်း မရှိရင် ဘယ်သွားတာလဲ၊ ဘာကြောင့် မရှိတာလဲဆိုတာမျိုး စုံ နေအောင်ကို မေးတာ။ ကျနော်တို့က မိသားစုဝင် ၆ ယောက်ရှိတာမှာ ကျန်တဲ့ ကလေး ၄ ယောက်က စစ်မှုထမ်း အသက်အရွယ်ထဲ အကျုံးဝင်နေတယ်။ အဲဒါကို အဲဒီကလေးတွေအားလုံး မြို့ကနေ ထွက်မသွားဖို့ တာဝန်ယူရမယ်၊ သူတို့ မရှိတော့ရင် မိသားစုဝင်တွေကို ဖမ်းမယ်၊ ထောင်ချခံရမယ်ဆိုတာမျိုး တွေ ပြောသွားကြတယ်” ဟု ပြောသည်။

ထိုသို့ စစ်ဆေးခြင်းများအနေဖြင့် မေလ ၆ ရက်က ပုသိမ်ကြီးမြို့နယ် ကုန်းတန်း၊ နန်းဦးလွင်ကျေးရွာနှင့် အောင်မင်္ဂလာ ရပ်ကွက်၊ မေလ ၁၀ ရက်က ပြည်ကြီးတံခွန်မြို့နယ် ထိန်ကုန်းရပ်ကွက်၊ မေလ ၁၂ ရက်က အမရပူရမြို့နယ် မြေပဲတန်း ရပ်ကွက်များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာမှ စစ်ဆေးခံခဲ့ရသူတဦးက “အိမ်က သမီးကြီးနဲ့ သားလတ်က နယ်ထွက်ပြီး အလုပ် လုပ်နေကြတာ တော်တော်ကြာနေပြီ။ တရပ်ကွက်လုံး လည်း သိတယ်။ အဲဒါကိုတောင် စစ်မှုထမ်းအတွက် အကျုံးဝင်တယ်ဆိုပြီး စာရင်းတွေ ယူသွားတယ်၊ ပြီးတော့ လိုအပ်လာရင် ကလေးတွေကို မရ ရအောင် ပြန်ခေါ်ပေး ရမယ်လို့လည်း ပြောသွားတယ်၊ ခေါ်လို့မရဘူးဆိုရင် စစ်မှုထမ်းဖို့ ရှောင်တိမ်းမှုနဲ့ ဖမ်းပြီး ထောင်ချခံရမယ်လို့လည်း ပြောသွားကြတယ်” ဟု ပြောသည်။

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း မဖြစ်မနေ စစ်မှုထမ်းရမည့် စစ်မှုထမ်းဥပဒေနှင့်အတူ အသက် ၂၃ နှစ်မှ ၃၂ အရွယ် အမျိုးသားများအား ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့်ကို ပိတ်ပင်ခဲ့ပြီးနောက် စစ်မှုထမ်း သတ်မှတ်အသက်အရွယ် အတွင်း အကျုံးဝင်သည့် လူငယ်များ မြို့မှထွက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များထံ သွားရောက်ပူးပေါင်း ကြသည်ဆိုသော သတင်းများကြောင့် မန္တလေးမြို့အဝင်အထွက်များ၌ လုံခြုံရေးတင်းကျပ်ပြီး စစ်ဆေးခြင်းများ၊ မြို့တွင်း ရပ်ကွက်များအတွင်း အင်အားသုံး စီးနင်း၍ စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းဟု သိရသည်။

ယခုအခါ စစ်မှုထမ်း ဒုတိယအပတ်စဉ်ကို ဖွင့်လှစ်ပြီးဖြစ်၍ လူစုဆောင်းခြင်းများလည်း ပြုလုပ်လျက်ရှိရာ တာဝန်ထမ်း ဆဲ အုပ်ချုပ်ရေးမှူးအချို့က စစ်မှုထမ်းစာရင်းကောက်ယူရန် ငြင်းဆိုခြင်းများရှိလာသဖြင့် ယခုကဲ့သို့ ရှောင်တခင် ဝင်ရောက် စီးနင်းခြင်းမျိုး ပြုလုပ်လာခြင်း ဖြစ်ကြောင်း၊ ထိုသို့ ရှောင်တခင်ဝင်ရောက်စီးနင်းမှုအား အုပ်ချုပ်ရေးမှူးများကိုပင် ကြို တင်အသိပေးခြင်းမျိုး မရှိဘဲ ဒုဗိုလ်မှူးကြီးအဆင့်က ဦးဆောင်ကာ ပြုလုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အတူ လုံခြုံရေး စီမံ ချက်အရဟုဆိုကာ အုပ်ချုပ်ရေးမှူးများကိုပင် ခရီးသွားလာခွင့်များ ပိတ်ပင်ထားသည်ဟု အုပ်ချုပ်ရေးအသိုင်းအဝိုင်းက သိရသည်။

အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ အမည်မဖော်လိုသော သတင်းရင်းမြစ်တဦးက “စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူခေါ် ပေးဖို့ စာရင်းကောက်ပေးဖို့ အုပ်ကြီးအချို့က လက်ရှောင်လာကြတာမျိုးတွေ ရှိတယ်။ အဲဒါကြောင့် ရပ်ကွက်တွေကို ဝင်စစ်ပြီး အိမ်ထောင်စုစာရင်းကောက်တာ၊ ပြီးတော့ လူငယ်တွေက မြို့ကနေ ထွက်ပြီးတော့ PDF တွေဆီ ရောက်သွား တာမျိုးတွေရှိတော့ အဓိကလိုချင်တာကတော့ အိမ်ထောင်စုဇယားမှာပါတဲ့ လူငယ်တွေ မြို့ကနေ ထွက်မသွားဖို့ပဲ” ဟု ပြောသည်။

ထို့အတူ လက်ရှိတာဝန်ထမ်းဆောင်ဆဲ အုပ်ချုပ်ရေးမှူးများကလည်း စစ်မှုထမ်းရန်လူစာရင်း ကောက်ယူပြီးသား နေအိမ်များကို စောင့်ကြည့်နေသလို ဖုန်းဆက်မေးမြန်းပြီး ခရီးသွားလာခြင်းများ မပြုလုပ်ရန်အတွက် သတိပေး ခြင်းများလည်း ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါအခြေအနေများကို စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးအား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ ထိုကဲ့သို့ လုပ်ဆောင်ခြင်းများလည်း မရှိဟု ငြင်းဆိုသည်။

စစ်မှုထမ်း ဒုတိယအပတ်စဉ်အတွက် လူစုဆောင်းပေးရမှုအနေဖြင့် ပုသိမ်ကြီးမြို့နယ်မှ လူဦးရေ ၁၅၀ ခန့်၊ မဟာ အောင်မြေမြို့ နယ်မှ လူဦးရေ ၁၂၀ ခန့် စုဆောင်းပေးရမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းမှ သိရသည်။

ထို့အတူ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများက စစ်မှုထမ်းမှ ကင်းလွတ်လိုသူများ၊ ငွေကြေးပြည့်စုံသူများထံမှ လူစား ထိုးပေးမည်ဟုဆိုကာ ငွေကြေးတောင်းခံခြင်းများနှင့်အတူ စစ်မှုထမ်းဆောင်ရမည့်သူအား ထောက်ပံ့ကူညီနိုင်ရန် ဆို သော အကြောင်းပြချက်ဖြင့် ရပ်ကွက်/ကျေးရွာများတွင် တလလျှင် ကျပ် ၅၀၀၀ နှုန်းမှ သိန်းဂဏန်းထိ တောင်းယူနေ ခြင်းများလည်း ရှိနေကြောင်း မြို့ခံများထံက သိရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ၊ အုပ်ချုပ်ရေးအသိုင်းများ ပူးပေါင်း၍ မန္တလေးမြို့တွင်းရှိ ရပ်ကွက်များ၌ နေ့ရောညပါ ဧည့်စာရင်းစစ်ဆေးခြင်းများ ပြုလုပ်နေသလို လမ်းများအား ပိတ်ဆို့ တားဆီး စစ်ဆေးခြင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေးတင်းကျပ်ထားခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။

ထိုသို့ ဧည့်စာရင်းစစ်ဆေးချိန်များတွင် နယ်မြို့များမှတဆင့် မန္တလေးမြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသူများ၊ စစ်ဖြစ်ရာဒေသများမှ စစ်ဘေးရှောင်အဖြစ် ခေတ္တလာရောက်ခိုလှုံနေသူများနှင့် လူငယ်များကို ဧည့်စာရင်း အကြောင်း ပြချက်ဖြင့် ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

အလားတူ စစ်မှုထမ်းဥပဒေအရ တပ်သားသစ် စုဆောင်းခြင်းများနှင့်အတူ လူငယ်များအား ဖမ်းဆီးကာ တပ်သားသစ် အဖြစ် စုဆောင်းလာခြင်းများကြောင့် မန္တလေးမြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေကြသည့် လူငယ်အများစု စိုးရိမ်မှု များ မြင့်တက်နေပြီး နေရပ်ပြန်ခြင်းများလည်း ရှိလာကြောင်း သိရသည်။

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပါဝင်ပတ်သက်နေသည့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ လဝကများ၊ ထွေအုပ်နှင့် ပျူ စောထီးအဖွဲ့များကို အမည်တပ် တိုင်ကြားလာပါက တုံ့ပြန်တိုက်ခိုက်သွားမည်ဟု မန္တလေးမြို့အခြေစိုက် မြို့ပြပြောက် ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများက သတိပေးချက်များ ထုတ်ပြန်ထားကြသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက်အရွယ်အကျုံးဝင်သူအနေဖြင့် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိကြောင်း သိရသည်။

Source: burma.irrawaddy.com

Link : https://burma.irrawaddy.com/news/2024/05/14/383594.html

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English