စစ်ကောင်စီသည် အတိုက်အခံများကြောင့် ဆုတ်ခွာမှုနှင့် ဆုံးရှုံးမှုများ ခြောက်လကျော်ကြာ ခံစားရပြီးနောက် မြန်မာတွင် ပွင်းလင်းရာသီ ကုန်ဆုံးတော့မည် ဖြစ်သည်။ ထိုအချက်က အခက်အခဲများစွာ ရင်ဆိုင်နေရသော စစ်ကောင်စီသည် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုလုပ်မည်ကို ဖော်ပြနေသည်။
မုတ်သုန်မိုးသည် ဇွန်လ ဒုတိယပတ်တွင် စတင်မည်ဟု တရားဝင် ခန့်မှန်းချက်များနှင့်အတူ စစ်ကောင်စီသည် မိုးမကျမီ ဦးစားပေး ခြောက်ခုကို အာရုံစိုက်နိုင်သည်။ မိုးရာသီသည် စစ်တပ်၏ အင်အားချိနဲ့နေသော ထောက်ပံ့ပို့ဆောင်ရေးနှင့် တပ်လှုပ်ရှားမှုကို အတားအဆီးဖြစ်စေမည် ဖြစ်သည်။
မုတ်သုန်မိုးသည် ဇွန်လ ဒုတိယပတ်တွင် စတင်မည်ဟု တရားဝင် ခန့်မှန်းချက်များနှင့်အတူ စစ်ကောင်စီသည် မိုးမကျမီ ဦးစားပေး ခြောက်ခုကို အာရုံစိုက်နိုင်သည်။ မိုးရာသီသည် စစ်တပ်၏ အင်အားချိနဲ့နေသော ထောက်ပံ့ပို့ဆောင်ရေးနှင့် တပ်လှုပ်ရှားမှုကို အတားအဆီးဖြစ်စေမည် ဖြစ်သည်။
စစ်တပ်သည် အဓိကကျသည့် ထိုင်းနယ်စပ်မြို့ မြဝတီကို မကြာသေးမီက ပြန်လည် ထိန်းချုပ်လိုက်သော်လည်း အောက်တိုဘာလ နှောင်းပိုင်းက ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဆုံးရှုံးသည့် နယ်မြေအများစုကို ပြန်လည် သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။
မိုးရာသီသည် ပိုမိုလိုအပ်သလို ပြောင်းလဲနိုင်သည့် အတိုက်အခံများကို အားသာစေမည် ဖြစ်သောကြောင့် စစ်ကောင်စီသည် လာမည့်သီတင်းပတ်များတွင် သေနင်္ဂဗျူဟာ ဦးစားပေး ခြောက်ခုကို အာရုံစိုက်ဖွယ်ရှိသည်။
ပထမဦးစားပေးမှာ မြဝတီနှင့် ရန်ကုန်ကို ဆက်သွယ်ထားသည့် အာရှအဝေးပြေးလမ်း အမှတ် ၁ တလျှောက် ထိန်းချုပ်မှု ပြန်လည် ရယူရေးဖြစ်သည်။ ထိုလမ်းသည် ထိုင်းနှင့်စီးပွားရေး အသက်သွေးကြောဖြစ်ပြီး နှစ်စဉ် နယ်စပ်ကုန်သွယ်ရေး အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်ဖိုး ရှိသည်။
စစ်ကောင်စီသည် မြဝတီကို ရှမ်းပြည်မြောက်ပိုင်းမှ မူဆယ်ကဲ့သို့ ထပ်မံ အဖြစ်မခံနိုင်တော့ပေ။ မူဆယ်ကို စစ်ကောင်စီတပ်များက ထိန်းချုပ်ထားဆဲ ဖြစ်သော်လည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ပြည်နယ်တွင် အကြီးဆုံးမြို့ လားရှိုးသို့သွားသည့် လမ်းအများစုကို ထိန်းချုပ်ထားပြီး ထိုသို့ ထိန်းချုပ်ထားသောကြောင့် အခွန်ကောက်ခံနိုင်သည်။
၎င်းတို့၏ တိုက်ခိုက်မှုများသည် စစ်ကောင်စီတပ်ကို အင်အားနည်းသွားစေရုံသာမက အခြားနေရာများတွင် သုံးရန် လိုအပ်နေသည့်တပ်များကို ထိုမြို့တွင်းတွင်သာ ကန့်သတ်ထိန်းချုပ်ထားလိုက်သည်။
အမ်းမြို့နယ်ကို အာရုံစိုက်ခြင်း
စစ်ကောင်စီ၏ ဒုတိယဦးစားပေးသည် အနောက်ပိုင်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင်ဖြစ်သည်။ ထိုမြို့နယ်တွင် အာရက္ခတပ်တော် (AA) သည် နှစ်လကြာတိုက်ပွဲအပြီး မြို့ကို ကာကွယ်ထားသော သေနင်္ဂဗျူဟာကျသည့် စခန်း နှစ်ခုကို သိမ်းပိုက်ထားသည်။
အမ်းတွင် စစ်ကောင်စီ၏ စစ်တိုင်း ၁၂ တိုင်းအနက် တခုဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိသောမြို့ ဖြစ်သောကြောင့် ထိုမြို့ကို ဆုံးရှုံးခြင်းသည် စစ်ကောင်စီကို အကြီးအကျယ် သိက္ခာကျဆင်းစေမည် ဖြစ်သည်။
အမ်းတွင် စစ်ကောင်စီ၏ စစ်တိုင်း ၁၂ တိုင်းအနက် တခုဖြစ်သော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိသောမြို့ ဖြစ်သောကြောင့် ထိုမြို့ကို ဆုံးရှုံးခြင်းသည် စစ်ကောင်စီကို အကြီးအကျယ် သိက္ခာကျဆင်းစေမည် ဖြစ်သည်။
ပိုမိုအရေးကြီးသောအချက်မှာ အမ်းသည် အရေးပါသော သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဖြစ်ပြီး မြောက်ပိုင်းတွင် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ကျောက်ဖြူမှ အဓိကကျသည့် တရုတ် အထူးစီးပွားရေးဇုန်နှင့် ဆိပ်ကမ်းစီမံကိန်းကို ဆက်သွယ်ထားသည်။ တရုတ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည်လည်း ထိုမြို့မှ ဖြတ်သန်းသွားသည်။
မြန်မာနိုင်ငံ အနောက်ပိုင်းတွင် AA သည် ရခိုင်ပြည်နယ်မြောက်ပိုင်း အများစု ပါဝင်သော မြို့နယ် ရှစ်မြို့နယ်ကို သိမ်းပိုက်ထားပြီး ဘင်္ဂလားဒေ့ရှ်နှင့် အရေးပါသည့် နယ်စပ်ဆိပ်ကမ်း မောင်တောကို သိမ်းပိုက်ပြီး ဘူးသီးတောင်ကို ဝိုင်းထားသည်ဆိုသည့်သတင်းများ မကြာသေးမီက ထွက်ပေါ်လာသည်။
AA သည် စစ်တွေ သို့မဟုတ် ကျောက်ဖြူကို သိမ်းပိုက်ရန် လတ်တလော မကြိုးစားသေးဘဲ ထိုနှစ်မြို့သို့ သွားသည့်လမ်းများကို ထိန်းချုပ်မှု ခိုင်မာအောင် လုပ်နေပုံရသည်။ အမ်းမြို့ကို သိမ်းပိုက်လျှင် စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်ထားဆဲဖြစ်သည့်ရခိုင်ဒေသများသို့ ပင်လယ်မှ သို့မဟုတ် တောင်ဘက်ရှိ တောင်ကုတ်မှသာ ထောက်ပံ့ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါက အမ်းကို ထိန်းချုပ်နိုင်ခြင်း မရှိလျှင် စစ်ကောင်စီသည် ရခိုင်တွင် ကြီးမားရှည်ကြာသည့် တန်ပြန်ထိုးစစ်လုပ်ရန် များစွာ ပိုမိုခက်ခဲသွားမည်ဖြစ်သည်။ ထို့ကြောင့် စစ်တပ်သည် ထိုမြို့တွင် တပ်ကူများ ဖြည့်တင်းပြီး လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေသည်။
စစ်ကောင်စီအတွက် တတိယ ဦးစားပေးမှာ ညီနောင်မဟာမိတ် သုံးဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့နှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲသစ် ကျင်းပရေးဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ကချင်ပြည်နယ်နှင့် နယ်စပ်ချင်းထိနေသည့် တရုတ်၏ လော်ဘီကို မြှင့်တင်မည် ဖြစ်သည်။
တရုတ်က နယ်စပ် အပစ်အခတ်ရပ်စဲရန် ကြိုးစား
တရုတ်သည် ၎င်း၏နယ်စပ်တွင် အပစ်အခတ်ရပ်စဲရေး လိုလားကြောင်း ထင်ရှားသည်။ တရုတ်နှင့် နေပြည်တော် နှစ်ဖက်လုံးသည် နယ်စပ်ကုန်သွယ်ရေးကို စစ်မဖြစ်မီကအဆင့်သို့ ပြန်ရောက်လာရေး တွေ့လိုကြသည်။ စစ်ကောင်စီသည် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်စခန်း ၁၇ ခုအနက် ၁၁ ခုကိုသာ ထိန်းချုပ်နိုင်တော့ပြီး ရပ်ဆိုင်းနေသည့် ကုန်သွယ်ရေး စီးဆင်းမှုကြောင့် မလုံလောက်မှုများနှင့် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်နေသည်။
တရုတ်နိုင်ငံသည် တည်ဆောက်ရေးလုပ်ငန်း အရှိန်မြှင့်ရန် ကျောက်ဖြူသို့ နောက်ထပ်ပညာရှင် ၃၀၀ ခန့်ကို စေလွှတ်လိုက်သောကြောင့် တရုတ်သည် စစ်ကောင်စီနှင့် AA အကြား အပစ်အခတ်ရပ်စဲရေးကို အရေးပေါ် ကြိုးစားနေသည်။ ထိုသို့သော သဘောတူညီချက်မရမီ တိုက်ခိုက်မှုအများအပြားနှင့် လေကြောင်းတိုက်ခိုက်မှုများကို မျှော်လင့်ရသည်။
တရုတ်နိုင်ငံသည် တည်ဆောက်ရေးလုပ်ငန်း အရှိန်မြှင့်ရန် ကျောက်ဖြူသို့ နောက်ထပ်ပညာရှင် ၃၀၀ ခန့်ကို စေလွှတ်လိုက်သောကြောင့် တရုတ်သည် စစ်ကောင်စီနှင့် AA အကြား အပစ်အခတ်ရပ်စဲရေးကို အရေးပေါ် ကြိုးစားနေသည်။ ထိုသို့သော သဘောတူညီချက်မရမီ တိုက်ခိုက်မှုအများအပြားနှင့် လေကြောင်းတိုက်ခိုက်မှုများကို မျှော်လင့်ရသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့နှင့် မတူဘဲ KIA သည် စစ်တပ်၏ အာရုံစိုက်မှု များပြားနေခြင်းကို အခွင့်ကောင်းယူရန် ကြိုးစားနေသောကြောင့် အပစ်အခတ်ရပ်စဲရေးကို ပယ်ချဖွယ်ရှိသည်။
လက်တွေ့တွင်လည်း ရက်သတ္တပတ်အတန်ကြာ ငြိမ်သက်နေပြီးနောက် KIA သည် တိုက်ခိုက်မှု ဒုတိယလှိုင်းကို မေလ ၅ ရက်နေ့တွင် စတင်ပြီး မြစ်ကြီးနား-လိုင်ဇာ အဝေးပြေးလမ်းတလျှောက်မှ စစ်ကောင်စီစခန်း အများအပြားကို သိမ်းပိုက်ရုံသာမက ပြည်နယ်မြို့တော်နှင့် ပူတာအိုအကြား လမ်းလယ်ရှိ ဆွမ်ပရာဘွမ်ကိုလည်း တိုက်ခိုက်သည်။ လွန်ခဲ့သော ရက်သတ္တပတ်အတွင်း KIA သည် စခန်း ၁၂ ခုကျော်ကို သိမ်းပိုက်သည်။
လာမည့် သီတင်းပတ်များအတွင်း စစ်ကောင်စီအတွက် စတုတ္ထဦးစားပေးမှာ ဖြန့်ကြက်ထားသည့် ၎င်းတို့တပ်များကို ပြန်လည် ဖြည့်တင်းရေး ဖြစ်သည်။ အောက်တိုဘာလနောက်ပိုင်း စစ်တပ်မှ ဘက်ပြောင်းလာကြသည့် အဓိက အကြောင်းရင်းများအနက် တခုမှာ ဝေးကွာသော ဒေသများတွင် ဖြန့်ချထားသည့် တပ်များကို စစ်ကောင်စီက စားနပ်ရိက္ခာ၊ ရေ၊ ခဲယမ်းနှင့် ဆေးပစ္စည်း ပြန်လည် ဖြည့်တင်းမပေးနိုင်ခြင်း ဖြစ်သည်။
စစ်ဆင်ရေးများကို ဆက်လက် ထိန်းသိမ်းထားရေးသည် စစ်တပ်အတွက် များစွာ ပိုမိုခက်ခဲလာသည်။ စစ်ကောင်စီသည် ၎င်းတို့တွင်ရှိသည့် အနည်းငယ်မျှသော ရဟတ်ယာဉ်များအနက် အများအပြားကို ဆုံးရှုံးနေသည်။ ယခုအပတ်အတွင်း မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ကယားပြည်နယ်တွင် စစ်ရဟတ်ယာဉ်တစင်းကို ပစ်ချပြီး ရဟတ်ယာဉ်မှူး သေဆုံးကြောင်း ကြေညာခဲ့သည်။
ယာဉ်တန်းများ ခြိမ်းခြောက်ခံနေရ
လမ်းများနှင့် တံတားများ ပိုမိုမိုင်းခွဲခံလာရပြီး စစ်တပ်၏ လူအင်အားသည် ပြန့်ကျဲနေသောကြောင့် ယာဉ်တန်းများသည် ပိုမိုသေးငယ်ပြီး အကာအကွယ်နည်းလာကာ အတိုက်အခံအင်အားစု၏ ခြုံခို တိုက်ခိုက်မှုများကြောင့် ပေးဆပ်ရမှု များပြားသည်။ စစ်တပ်ထံမှ သိမ်းပိုက်မိသော လက်နက်များကြောင့်လည်း အတိုက်အခံအင်အားစုများ အနေဖြင့် စစ်ကောင်စီ၏ ယာဉ်တန်းများကို ပိုမို ပစ်မှတ်ထားနိုင်လာသည်။
စစ်ကောင်စီသည် လာမည့် ခြောက်ပတ်အတွင်း ထိုခြေမြန်တပ်ရင်းများကို မထောက်ပံ့နိုင်ပါက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် မိုးရာသီအတွင်း တခုပြီးတခု ချေမှုန်းမည်ဖြစ်သည်။
စစ်ကောင်စီသည် လာမည့် ခြောက်ပတ်အတွင်း ထိုခြေမြန်တပ်ရင်းများကို မထောက်ပံ့နိုင်ပါက တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် မိုးရာသီအတွင်း တခုပြီးတခု ချေမှုန်းမည်ဖြစ်သည်။
ပဉ္စမ ဦးစားပေးမှာ စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းများတွင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်မည်ဖြစ်သည်။ ဗမာလူမျိုးစုအများစု နေထိုင်သည့် နိုင်ငံအလယ်ပိုင်းသည် စစ်ကောင်စီအတွက် စစ်ရေးအရထက် စိတ်ဓာတ်ရေးရာအရ ပိုမိုအရေးကြီးသည်မှာ ထင်ရှားသည်။ ဗမာလူများစု ဒေသများကို အပြည့်အဝ မထိန်းချုပ်နိုင်ခြင်းနှင့် တချိန်က လုံခြုံသောဒေသများမှ ထောက်ပံ့ရေး လမ်းကြောင်းများအတွက် စိတ်ပူရခြင်းသည် စစ်ကောင်စီ ဗိုလ်ချုပ်များအတွက် လက်ခံရန် ခက်ခဲသောကိစ္စ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များသည် နယ်မြေထိန်းချုပ်ရန် နည်းလမ်း မရှိသော်လည်း စစ်ကောင်စီသည် အရပ်သားများကို လေကြောင်းတိုက်ခိုက်မှုနှင့် အမြောက်ပစ်ခတ်မှုများဖြင့် ဒဏ်ခတ်ပြီး အတိုက်အခံကို ထောက်ခံခြင်းကြောင်း ပေးဆပ်ရသောတန်ဖိုးကို ပြင်းပြင်းထန်ထန် သတိပေးနေသည်။
စစ်ကောင်စီ၏ ဆဋ္ဌမဦးစားပေးမှာ လက်နက်ခဲယမ်း ထုတ်လုပ်မှု မြှင့်တင်ရေးဖြစ်သည်။ ထိုနေရာတွင် ရုရှားနှင့် နှိုင်းယှဉ်ပြောရန်ရှိသည်။ ရုရှားသည်လည်း ယူကရိန်းစစ်ကို လွန်စွာတိုတောင်းမည်ဟု မျှော်လင့်ခဲ့ပြီး နှစ်ရှည်စစ်အတွက် ထောက်ပံ့ပို့ဆောင်ရေးနှင့် ကာကွယ်ရေးစက်မှုလုပ်ငန်းများကို ကြိုတင်ပြင်ဆင်ထားခြင်း မရှိပေ။
နှစ်ဖက်စလုံးမှ ဒရုန်းများ
စစ်ကောင်စီသည် မွဲပြာကျပြီး တန်ဖိုးကြီးသော လက်နက်ခဲယမ်းများကို မဝယ်နိုင်တော့ဘဲ ၎င်းတို့ပိုင် ကာကွယ်စက်ရုံများမှ အလွန်အကျွံထုတ်ရန် အားကိုးလာရသည်။
တချိန်တည်းတွင် အလုပ်ပိနေသော လေတပ်အတွက် အပိုပစ္စည်းနှင့် ပုံမှန်ပြင်ဆင်စစ်ဆေးမှု မလုံလောက်သောကြောင့် လေယာဉ်ပျက်ကျမှု အများအပြားဖြစ်စေပြီး စစ်တပ်သည် လက်နက် တပ်ဆင်ထားသည့် ဒရုန်းများ ထုတ်လုပ်မှု အရှိန်မြှင့်တင်ရသည်။
အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များသည် ပြုပြင် ပြင်ဆင်ထားသည့် အပျော်တမ်းနှင့် သီးနှံလုပ်ငန်းသုံး ဒရုန်းများကို အသုံးပြုကြသည်။ ဒရုန်းတိုက်ခိုက်မှုတခုတွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဒဏ်ရာရသည်ဟု ဆိုသည်။
ဈေးသက်သာသော ဒရုန်းများနှင့် NUG ၏ အောင်မြင်မှုများကို စစ်တပ်က ပုံတူလိုက်လုပ်မည်ကို အတိုက်အခံများအကြား စိုးရိမ်ပူပန်မှုရှိသည်။ စစ်တပ်သည် မော်တာကျည်ဆံများထက် ဒရုန်းသုံးခဲယမ်းများကို ပိုမိုသုံးလာသည့် အထောက်အထားများ ထွက်ပေါ်နေသည်။
စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်နောက်ပိုင်းတွင် နယ်မြေအကြီးအကျယ် ဆုံးရှုံးပြီး စစ်တပ်အတွက် အားသာချက်ရှိသည့် ပွင့်လင်းရာသီအတွင်း ထိုသို့ ဆုံးရှုံးသည်မှာ မှတ်သားစရာကောင်းသည်။ မိုးရာသီသည် တော်လှန်ရေးအင်အားစုများကို အားသာစေချိန် ဖြစ်သည်။
စစ်ကောင်စီသည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်နောက်ပိုင်းတွင် နယ်မြေအကြီးအကျယ် ဆုံးရှုံးပြီး စစ်တပ်အတွက် အားသာချက်ရှိသည့် ပွင့်လင်းရာသီအတွင်း ထိုသို့ ဆုံးရှုံးသည်မှာ မှတ်သားစရာကောင်းသည်။ မိုးရာသီသည် တော်လှန်ရေးအင်အားစုများကို အားသာစေချိန် ဖြစ်သည်။
မိုးရာသီ မစတင်မီ စစ်ကောင်စီသည် ဆုံးရှုံးနယ်မြေများနှင့် အရေးပါသော ထောက်ပံ့ရေး လမ်းကြောင်းများ ပြန်သိမ်းရန် အသည်းအသန် ကြိုးစားနေသောကြောင့် ပြင်းထန်သော အပူချိန်နှင့်အတူ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကို မျှော်လင့်ထားရပေလိမ့်မည်။
(RFA ပါ Zachary Abuza ၏ Myanmar: Military On The Back Foot As The Dry Season Comes To A Close – Analysis ကို ဘာသာပြန်သည်။ ဇာကာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်းတက္ကသိုလ်မှ ဧည့်ပါမောက္ခ ဖြစ်သည်။ စာရေးသူ၏ အာဘော်သာဖြစ်သည်။)