ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ (၃) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနား ကို ဒီနေ့မှာ ကျင်းပတာတွေ့ရတယ်။ NUG မှာ လွတ်မြောက်နယ်မြေရှိနေပြီဖြစ်တယ်လို့ ဦးရည်မွန်က ထုတ်ဖော်ပြောဆိုလိုက်တယ်။ NUG အနေနဲ့ အခုလိုထုတ်ပြန်ချက်တွေ၊ အခမ်းအနားတွေလုပ်နေချိန်မှာပဲ မြန်မာပြည်တွင်းမှာလည်း စစ်မီးတွေတောက်လောင်နေကြရတယ်။ စစ်ကောင်စီက အကြောင်းမဲ့ သေနတ်နဲပစ်သတ်လို့သေဆုံးသွားတဲ့သူ တွေအရေအတွက် နေ့စဉ်တိုးနေတယ်။ ရခိုင်ပြည်နယ်မှာတော့ အေအေရဲ့တိုက်ခိုက်မှုကြောင့် မြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင် ၄၀ ဦး ဘင်္ဂလားဒေ့ရှ်ထဲကိုထွက်ပြေးသွားတယ်လို့သတင်းတွေမှာဖတ်ရတယ်။ ကချင်ပြည် နယ်မှာတော့ ခလရ (၄၆) ဗျူဟာကုန်းကို သိမ်းပြီးနောက် ဆွမ်ပရာဘွမ်မြို့ကို ကေအိုင်အေက အပြည့်အဝ ထိန်းချုပ်လိုက်တဲ့ သတင်းကောင်းကိုဖတ်ရတယ်။
ဧပြီ ၁၆၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
မြန်မာနှစ်သစ်ကူးသင်္ကြန်ချိန်ခါကတော့ ဒီနေ့မှာပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်သင်္ကြန်ကတော့ အတီးအမှုတ်အကအခုန်တွေမရှိတဲ့အတွက် မြို့ကြီးတွေမှာတောင် ခြောက်ကပ်ကပ်ပါပဲ။သင်္ကြန်မြို့တော်လို့...