Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မေ ၂ ရက် သုံးသပ်ချက်

အမျိုးသား ညီညွတ်ရေးအစိုးရ

May 2, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အမျိုးသား ညီညွတ်ရေးအစိုးရ

  • ကရင်နီပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးကာလတစ်လျှောက် မြေမြှုပ်မိုင်းများ နှင့် မပေါက်ကွဲသေးသည့် စစ်သုံးအကြွင်းကျန်ပစ္စည်းများ အန္တရာယ်ကြီးမားနေဆဲဖြစ်ကြောင်း လိုက်နာရမည့် သတိပေးချက်များကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ – IECက ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင မန္တလေးတိုင်း၊ မကွေးတိုင်း တို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၈/၂၀၂၄)ကို မေ ၁ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ကြသည်။
  • စစ်ကောင်စီထံမှာ စစ်မှုမထမ်းလိုသည့် နိုင်ငံတစ်ဝန်းက လူတစ်သောင်းခွဲခန့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို ဆက်သွယ်လာကြောင်း NUG ကပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဟာမိတ် တပ်ပေါင်းစုံ နဲ့ ရက် ၁၀၀ ကျော် တိုက်ခိုက်ခဲ့ရတဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို YDF ယောကာကွယ်ရေး တပ်ဖွဲ့မှ နွေဦးသမိုင်းမှာ မေ့မရတဲ့၊ မှတ်တမ်း တခု အဖြစ် ဂုဏ်ယူနေတယ်လို့ YAW DEFENSE FORCE က ထုတ်ပြန်သည်။
  • မြန်မာနိုင်ငံ အကျဥ်းထောင်များအတွင်း လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်( PPNM)က ယနေ့ (မေလ ၂ရက်)တွင် တောင်းဆိုလိုက်သည်။
  • မြန်မာနိုင်ငံတဝန်း ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ရက်မှ ဧပြီလ ၃၀ ရက်အထိ ပထမ လေးလပတ်တာ ကာလအတွင်းတွင် စစ်ကောင်စီကြောင့် အသက် ၁၈ နှစ်မပြည့်သေးသူ အရပ်သားကလေးငယ် ၁၀၆ ဦးသေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှ ယမန်နေ့ (မေ ၁ ရက်)၎င်း၏နေ့စဉ်မှတ်တမ်းတွင် ဖော်ပြထားသည်။
  • ပြင်သစ်နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်း တိုးမပေးရန်နှင့် တက်ရောက်နေသည့် ကျောင်းမှ လည်း လက်ခံခြင်းမပြုရန် တောင်းဆိုခံထားရသည့် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီးဖြစ်သူ မသိမ့်၀င်းထက်ကို ၎င်းတက်ရောက်နေသည့် ကျောင်းဘက်က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေ သည်ဟု ပြင်သစ်သတင်းဌာန Le Monde ကို ကိုးကားပြီး Justic for Myanmar က ထုတ်ပြန် သည်။
  • မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် ဂိတ်ချငွေတောင်းခံနေသည့် စစ်ကောင်စီဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
    • ဒီပဲယင်းမြို့နယ်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်စနစ်နှင့် အကြမ်းဖက်စစ်တပ်ကို အလိုမရှိဆန့်ကျင်ကြောင်း၊ ပြည်သူ့အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကိုသာ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော် သပိတ်ချီတက်ခဲ့ကြသည်။
    • ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေပြီး လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အန္တရာယ်နှင့် တင်းမာမှုများ ပိုမိုတိုးပွားလာနေသည့် အရိပ် အယောင် များမြင်နေရ၍ ကုလသမဂ္ဂအနေဖြင့် စိုး ရိမ် မိကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stéphane Dujarric က ပြောဆိုလိုက်သည်။
    • ရခိုင်ပြည်နယ်မှာ စစ်တပ်နှင့်အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲများကြောင့် လူဦးရေ ၁၆၆၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း UNOCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။
  • တိုင်းရင်းသားလက်နက်ကိုင်များ
    • ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဆိပ်မူကျေးရွာတွင် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ပူးပေါင်းတပ်တို့ ယမန်နေ့( မေလ ၁ရက်)ည ၆ နာရီနောက်ပိုင်း အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် ဒေသခံ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    • ချင်းလက်နက်ကိုင်တပ်ဖွဲ့များ အကြား စစ်ရေးပဋိပက္ခ မဖြစ်စေရေး ကြိုးပမ်းနေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။
    • စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အပြစ်ပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

    စစ်ကောင်စီ

    • ပူပြင်းခြောက်သွေ့သော အစွန်းရောက် အယ်နီညို ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားနေသည့် ကာလတွင် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အပါအဝင် နိုင်ငံအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ ပိုများလာကြောင်း သိရသည်။
    • ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား အမှတ် (၁) မှတဆင့် ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် လိုသူများကို UID နံပါတ် မပါပါက အမှတ် (၁) တံတား၊ မြန်မာဘက်အခြမ်းရှိ လဝကက ထွက်ခွာ ခွင့် မပြုတော့ကြောင်း ထိုင်းနိုင်ငံတွင်း ယီတံတားကူးကဒ်ဖြင့် ရောက်ရှိနေသူများနှင့် မြဝတီ ဒေသခံ များထံက သိရသည်။
    • မြန်မာနိုင်ငံ သုံးစွဲနေသည့် လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို သာ လက်ရှိ အချိန်တွင် ထုတ်ပေးနိုင်တော့မည်ဟု စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနက ထုတ်ပြန်သည်။
    • ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီက ယမန်နေ့ ညနေနှင့် ညပိုင်း၌ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။
    • ချင်းပြည်နယ် မင်းတပ်မြို့နယ် တိုက်နယ်(၂) ဒေသသို့ စစ်ကောင်စီက ယမန်နေ့ ညနေနှင့် ညပိုင်း၌ လေကြောင်းတိုက်ခိုက်မှုထပ်မံ ပြုလုပ်ခဲ့ကြောင်း ဒေသခံက အသိပေးသည်။
    • အမျိုးသားများ ပြည်ပသို့အလုပ်လုပ်ခွင့်ကို မေလ ၁ ရက်နေ့မှစတင်ပြီး တားမြစ်ပိတ်ပင် လိုက် သည်ဟု စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောဆိုချက်ကို ကိုးကား ၍ Myanmar Now သတင်းတွင် ဖော်ပြထားသည်။
    • ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား ဖြတ်သန်းခွင့်ကို Unique Identification Number-UID ကုဒ်နံပါတ် ၁၀ လုံးပါ (ဒီဂျစ်တယ် မှတ်ပုံတင် စမတ်ကဒ်) အထောက်အထားပြသမှတ်တမ်းတင် စစ်ဆေးပြီးမှ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ထုတ် ပေးသည့်စနစ်ကို ယမန်နေ့ မေလ ၁ ရက်နေ့တွင် စစ်ကောင်စီက စတင် ကျင့်သုံးနေပြီဟု သိရသည်။
    • ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရာတွင် စစ်ကောင်စီထုတ်ပေးသည့် စမတ်ကတ်ဟုခေါ်သည့် UID ကတ်ရှိမှ သာ နယ်စပ်ဖြတ်သန်းခွင့်ရတော့ကြောင်း ကော့သောင်း မြို့ခံအချို့ထံမှ သိရသည်။

    မေ ၂ ရက် သုံးသပ်ချက်

    • စစ်ရှုံး၍ အင်အားပြုန်းတီးနေသည့် စစ်ကောင်စီသည် အမျိုးသားများကို ပြည်ပအလုပ်လုပ် ခွင့်ပိတ်လိုက်သကဲ့သို့ နယ်စပ်ထွက်ပေါက်များတွင်လည်း စမတ်ကတ်ပါမှ ထွက်ခွင့်ပေးမည်ဟု တင်းကျပ်ခြင်းကြောင့် နောက်တကျော့ တပ်သားသစ် စုဆောင်းရန်အတွက် ပြင်ဆင်လာခြင်းဖြစ်ပြီး လူငယ်များကို တိမ်းရှောင်၍ မရအောင် ချောင်ပိတ်လိုက်ခြင်းဖြစ်သည်။

     

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English