Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ကလေးမြို့နယ်၌ ၃ လအတွင်းစစ်ကောင်စီတပ် ကြောင့် အရပ်သား ၈၀ သေဆုံးဟုဆို

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၊မတ်လ နှင့် ဧပြီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၈၀သေဆုံးခဲ့ကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဧပြီလ ၁၁ရက် ယနေ့တွင်ထုတ်ပြန်သည်။

April 11, 2024
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ ၊မတ်လ နှင့် ဧပြီလအတွင်းဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၈၀သေဆုံးခဲ့ကြောင်း ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဧပြီလ ၁၁ရက် ယနေ့တွင်ထုတ်ပြန်သည်။

လူထုသပိတ်ကော်မတီက ပြုစုထားသောစာရင်းများတွင် ကလေးမြို့ပေါ်တွင် ၁၅ဦး ၊ ကလေးမြို့မြောက်ပိုင်း ၃၀ နှင့် ကလေးမြို့တောင်ပိုင်းတွင် ၃၅ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

“ဒီသုံးလအတွင်းမှာ သေဆုံးသူရဲ့ ၆၅ရာခိုင်နှုန်းက အမျိုးသမီးဖြစ်ပြီး ၊ ၁၅ရာခိုင်နှုန်းက အမျိုးသားတွေဖြစ်တယ်၊ ကျန်တဲ့ ၂၀ရာခိုင်နှုန်းကတော့ ကလေးတွေဖြစ်ပါတယ်။ အငယ်ဆုံးကတော့ နှစ်နှစ်အရွယ်ကလေးဖြစ်ပါတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီ တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

သေဆုံးသူများသည် လက်နက်ကြီးပစ်ခတ်မှု ၊ ဒရုန်းဖြင့် ဗုံးကြဲခံရမှုနှင့် ဖမ်းဆီးသတ်ဖြတ်ခံရမှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။

သေဆုံးသူများ၏ စာရင်းကို ကလေးမြို့တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ကျန်းမာရေး အင်အားစုများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပြုစုထားသော စာရင်းမှတ်တမ်းများကို ချိတ်ဆက်ပြီး မြေပြင်နှင့် အနီးကပ်ဆုံးပြုစုထားခြင်းဖြစ်သည်ဟု လူထုသပိတ် တာဝန်ရှိသူက ဆက်ပြောသည်။

ယခုကဲ့သို့ အရပ်သားများကို ဦးတည်တိုက်ခိုက်နေခြင်းသည် စစ်ရာဇဝတ်မှုကို စစ်ကောင်စီက ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ပြီး ကမ္ဘာတဝန်းရှိ လူမှုအသိုင်းအဝိုင်းများမှ သိစေလိုသည်ဟု ဆိုသည်။

နေ့စဥ်နှင့်အမျှ အကြမ်းဖက်ခံနေမှုများအား လူကိုတန်းဖိုးထားသည့် ကမ္ဘာတဝန်းမှ လက်ပိုက်ကြည့်မနေဘဲ စစ်ကောင်စီကို လိုအပ်သည့်ပိတ်ပင်ဖြတ်တောက်မှုများကို ထိထိရောက်ရောက်ပြုလုပ်စေလိုကြောင်း သပိတ်ခေါင်းဆောင်က တောင်းဆိုသည်။

၎င်းတို့အနေဖြင့် စစ်ပွဲများအတွင်း အရပ်သားထိခိုက်သေဆုံးမှု လျော့ချနိုင်ရေး ပညာပေးမှုများကို လုပ်ဆောင်နေသော်လည်း အားနည်းပြီးလုံလောက်မှုမရှိသဖြင့် နည်းပညာနှင့် အခြားလိုအပ်သော အကူအညီများပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။

ကလေးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၆ရက်နေ့က စစ်ရေးအရှိန်ဟုန်မြှင့်တိုက်ခိုက်တော့မည်ဟု ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကြေညာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကလေးမြို့ပေါ်နှင့် မြို့နယ်ဝန်းကျင် ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများနှင့် စစ်ကြောင်းထိုး၍ လူနေအိမ်များမီးရှို့ဖျက်ဆီးသဖြင့် အရပ်သားထိခိုက်သေဆုံးမှုများအပြင် လူနေအိမ် ၊ စာသင်ကျောင်းနှင့် ဘာသာရေးအဆောက်အဦများ မီးလောင်၍ ထိခိုက်ပျက်စီးမှုများရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များအရသိရသည်။

Source- မဇ္စျိမ

Link –  https://bur.mizzima.com/2024/04/11/20063

Related Posts

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။
သတင်း

ဖားကန့်မြို့တွင် လက်နက်ကြီးကြောင့် အဘွားအို၊ သုံးနှစ်သားအပါအဝင် ကိုးဦး သေဆုံး မြို့အနောက်ဘက်ရှိ စစ်တပ်ကုန်းတစ်ခုကို KIA သိမ်းပြီးနောက် မြို့ပေါ်ရှိ စစ်တပ်က လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေရာ ရက်ပိုင်းအတွင်း လူမမယ်ကလေးငယ်အပါအဝင် ကိုးဦး သေဆုံးကာ လူ ၃၀ ကျော် ဒဏ်ရာရသည်။

August 9, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ယခုရက်ပိုင်း...

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English