ကချင်ပြည်နယ်ကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့လွယ်ဂျယ်မြို့ကိုKIAကထိန်းချုပ်လိုက်ပါပြီ။ပီးခဲ့တဲ့ရက်တွေမှာဗန်းမော်လွယ်ဂျယ်ကားလမ်းတလျောက်ကစစ်ကောင်စီတပ်စခန်းတွေကိုKIAတစ်ခုပြီးတစ်ခုသိမ်းပိုက်ပြီးနောက်မှာKIAတပ်တွေဟာလွယ်ဂျယ်မြို့နားရောက်လာခဲ့တယ်။ထိုလမ်းပေါ်ကစစ်ကောင်စီစခန်းတွေလဲကုန်သလောက်နီးပါးဖြစ်နေပြီးစိန်လုံတောင်ဗျူဟာစခန်းကြီးတစ်ခုသာကျန်တော့တယ်။KIAဟာလွယ်ဂျယ်မြို့ပေါ်ကစစ်ကောင်စီတပ်တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပေမယ့်နယ်စပ်တဖက်ခြမ်းမှာရှိတဲ့တရုတ်ကခွင့်မပြုဘူးလို့ကြားတယ်။တရုတ်ဟာထိုနယ်စပ်ကုန်သွယ်ရေးမြို့ကိုစစ်ကောင်စီလက်ထဲမှာပဲရှိနေစေချင်ပုံရတယ်။ဒါကြောင့်KIAတပ်ဖွဲ့တွေဟာသေနတ်မဖောက်ပဲမြို့ထဲဝင်လာပြီးမြို့ကိုထိန်းချုပ်လိုက်တယ်။မြို့ပေါ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့တချက်မှမလှုပ်ရဲကြဘူး။သူတို့ဟာတရုတ်နိုင်ငံထဲခိုလှုံခွင့်တောင်းဖို့ကြိုးစားပေမယ့်တရုတ်ဘက်ကခွင့်မပြုဘူးလို့လဲကြားတယ်။ဒီလိုအခြေအနေတွေမှာမြို့ပေါ်ကစစ်ကောင်စီဘက်တော်သားတွေဟာKIAလက်ခုတ်ထဲကရေဖြစ်နေတာကြောင့်မြို့ကိုအလွယ်တကူထိန်းချုပ်နိုင်လိုက်တာပေါ့။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


