ကရင်ပြည်နယ်မြောက်ဘက်ရှိဖာပွန်မြို့ကိုKNUကထိန်းချုပ်နိုင်လိုက်ပါပြီ။ဖာပွန်မြို့ဟာKNUတပ်မဟာ၅လှုပ်ရှားဒေသထဲကမြို့နယ်တစ်ခုဖြစ်တယ်။တပ်မဟာ၅ဟာလဲစစ်ကောင်စီကိုစစ်အာဏာသိမ်းကတည်းအစဉ်တစိုက်တိုက်ခိုက်နေတဲ့တပ်မဟာတစ်ခုပါ။ဖာပွန်မြို့ကိုလဲတနိုင်ငံလုံးမှာစစ်ရေးအရှိန်တွေမမြင့်တက်စဉ်ကာလကတည်းကပိတ်ဆို့ထားခဲ့တာပါ၊ဖာပွန်မြို့မှာစစ်ကောင်စီရဲ့ယန္တရားမလည်ပတ်တော့တာကြာပါပြီ။ဒီကာလမှာတော့မြို့ပတ်ဝန်းကျင်ကစစ်တပ်စခန်းတွေကိုတိုက်ခိုက်ပြီးမြို့ကိုထိန်းချုပ်နိုင်လိုက်တယ်။ဒါပေမယ့်တိုက်ပွဲမပြီးသေးပဲဆက်ရှိနေတုန်းပဲ။ဖာပွန်မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာမြို့ပေါ်ကုဆုတ်ခွာသွားပြီးမြို့တောင်ဘက်ရှိစစ်ဗျုဟာကုန်းမှာသွားရောက်ပူးပေါင်းနေတယ်။ကချင်ပြည်နယ်ကဆွမ်ပရာဘွမ်မြို့လိုပဲဖာပွန်မြို့အနီးရှိစစ်ဗျုဟာကုန်းကိုသိမ်းပိုက်နိုင်မှမြို့ကိုအလုံးစုံထိန်းချုပ်နိုင်လိမ့်မယ်။တောင်ပိုင်းကKNUရဲ့ဗျုဟာဟာမြောက်ပိုင်းEAOတွေလိုအင်အားအလုံးအရင်းနဲ့စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်လေ့မရှိပဲအချိန်တစ်ခုယူပြီးပိတ်ဆို့ဖြတ်တောက်တဲ့ဗျူဟာကိုကျင့်သုံးလျက်ရှိပါတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


