ကချင်ပြည်နယ်မှာတော့ KIAက သူ့ရဲ့စစ်ကောင်စီအပေါ်ထိုးစစ်ကို ပုံမှန်ဆင်နွဲလျက်ရှိတယ်။ ဌာနချုပ်လိုင်ဇာအနားမှာ စစ်ကောင်စီတပ်စခန်းတွေ ကင်းစင်သွားသလို အခုဆိုရင်ဗန်းမော် မြစ်ကြီးနားကားလမ်းပေါ်က စစ်ကောင်စီတပ်စခန်းတွေအားလုံး သိမ်းပိုက်ပြီးသွားပြီ။ ဆက်လက်ပြီး ဗန်းမော်မြို့နဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ကားလမ်းပေါ်က စခန်းတွေကို ရှင်းလင်းနေတယ်။ ဒီနေ့တရက်ထဲမှာတင် ထိုလမ်းပေါ်ကစခန်း၃ခုကို သိမ်းပိုက်ရရှိလိုက်တယ်။ စစ်ဆင်ရေးစပြီးအခုအထိ ကချင်ပြည်နယ်ထဲမှာစစ်တပ်စခန်းပေါင်း၄၀ကျော်ကိုသိမ်းပိုက်ထားနိုင်တယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ ရသေ့တောင်မြို့ကိုသိမ်းပိုက်ပြီးနောက်ပိုင်း အေအေရဲ့လှုပ်ရှားမှုတွေ အနည်းငယ်ငြိမ်သက်နေတယ်။ ရခိုင်မြောက်ပိုင်းမှာကျန်ရှိတဲ့မြို့၃ခုကို ဆက်လက်သိမ်းပိုက်ဖို့ အရှိန်ယူနေပုံပဲ။ ဒါမှမဟုတ် လေးလကျော်ကြာမနားတမ်းရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တဲ့အေအေဟာ စစ်ပန်းစပြုလာပြီလားမပြောတတ်ဘူး။ စစ်ရှိန်ကျသွားပေမယ့် ရခိုင်ပြည်နယ်ထဲလက်ရှိအခြေအနေတွေအရ တိုက်ပွဲတွေ ရပ်တန့်သွားဖို့တော့မရှိပါဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


