Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မတ် ၂၅၊ ၂၀၂၄။ (တနင်္လာ)

March 25, 2024
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ပီးခဲ့တဲ့လက ထိုင်းနိုင်ငံလွှတ်တော်မှာ ထိုင်းအတိုက်အခံအမတ်တွေ ဦးဆောင်ပီး မြန်မာ့အရေး‌ ဆွေးနွေးကြားနာပွဲတွေပြုလုပ်ခဲ့တယ်။ ထိုပွဲမှာ NUGက ထိပ်ပိုင်းခေါင်းဆောင်တချို့လဲ တက်ရောက်ခွင့်ရခဲ့ကြတယ်။ ယေဘူယျအားဖြင့် မြန်မာပြည်သူတွေကို ကူညီဖို့ဆွေးနွေးခဲ့ကြတယ်။ ထိုပွဲရဲ့နောက်ဆက်တွဲအဖြစ် ဒီရက်ပိုင်းမှာ ထိုင်းနိုင်ငံဟာ နယ်စပ်ကနေတဆင့် မြန်မာပြည်ကို လူသားချင်းစာနာမှုအကူအညီတွေ စတင်ပေးအပ်လာပါတယ်။

ထိုင်းကြက်ခြေနီအဖွဲ့ဟာ မဲဆောက်မြို့ရှိထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၂)မှတဆင့် စစ်ဘေးရှောင်မြန်မာပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို

လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားတယ်။ စစ်ဘေးရှောင်၂၀၀၀ခန့်အတွက် ဆန်၊ရိက္ခာနဲ့ အခြားပစ္စည်းများပါဝင်တဲ့ ကူညီကယ်ဆယ်ရေး အိတ်၄၀၀၀ကို ထိုင်းကြက်ခြေနီအသင်းက အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာ ကြက်ခြေနီအသင်းထံလွဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုတယ်။

လူသားချင်းစာနာမှုအထောက်အပံ့များ လွှဲပြောင်းမှုသည်ထိုင်းအစိုးရနှင့် စစ်ကောင်စီတို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူများကို ခွဲခြားမှုမရှိဘဲ အကူအညီပေးနိုင်ရေး ရည်ရွယ်ထားသည်ဟု ဆိုထားသော်လည်းထိုင်းအစိုးရဟာ မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ အရပ်ဘက််အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသေးဘဲ အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ ခွဲခြားမှုမရှိဘဲ စစ်ဘေးရှောင်ပြည်သူများထံ ရောက််ရှိမှာမဟုတ်ပါဘူး။

ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်မှာလဲလူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အကောင်အထည်ဖော်တဲ့အပိုင်းမှာ နှစ်ပေါင်း သုံးဆယ်နီးပါးလောက် အတွေ့အကြုံရှိတဲ့ လူထုကို အခြေပြုတဲ့အဖွဲ့တွေက နယ်စပ်တစ်ကြောမှာ အဖွဲ့ ၂၀၊ ၃၀ထက်မနည်းရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ ထိုင်းအစိုးရဟာ တိုင်ပင်ဆွေးနွေးတာလည်း မရှိဘူး။ အခုအကောင်အထည်ဖော်တဲ့နေရာမှာ စစ်ကောင်စီရဲ့ ဩဇာခံဖြစ်တဲ့ MRCS ဖြစ်တဲ့ မြန်မာကြက်ခြေနီနဲ့ သွားလုပ်မယ်ဆိုတော့ လက်ခံနိုင်စရာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ အဖွဲ့အစည်းက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာ လုံးလုံးရှိနေတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒီဒုက္ခရောက်နေတဲ့သူတွေအားလုံးဟာ ဘယ်သူ့ကြောင့်လဲဆိုတော့ စစ်ကောင်စီလုပ်ရပ်ကြောင့်ဖြစ်လာတာ ဖြစ်တယ်။ သူ့ကြောင့်ဖြစ်လာတဲ့ဒုက္ခတွေကိုသူကိုယ်တိုင်က ကယ်တင်ရှင်ပုံစံပြန်ဖမ်းနေတယ်။ ဒါကို ထိုင်းအစိုးရကလဲကူညီနေသလိုပဲ။ထိုင်းအစိုးရအနေနဲ့ တကယ်ကူညီချင်တယ် ဆိုရင်နယ်စပ်မှာရှိတဲ့ လူမှုအခြေပြုတဲ့အဖွဲ့တွေကတဆင့် အကူအညီတွေ ပေးသင့်တယ်။ အခုတော့လိုလုပ်ပုံနဲ့‌တော့တကယ်လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေဆီ အကူအညီတွေ ရောက်မှာမဟုတ်ပါဘူး။

Related Posts

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၄၊ ၂၀၂၅။ (တနင်္ဂနွေ)

May 4, 2025

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီးတာ တစ်လကျော်ကြာခဲ့ပါပြီ။ဒီတစ်လအတွင်းမှာ ငလျင်ဒဏ်သင့် ပြည်သူတွေရဲ့နေထိုင်မှုဘဝအခြေအနေကတော့ တိုးတက်လာခြင်းမရှိသေးပါဘူး။အိမ်ပြိုသွားပြီး...

မေ ၀၃၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၃၊ ၂၀၂၅။ (စနေ)

May 3, 2025

တရုတ်ရဲ့ဖိအားပေးမှုတွေဟာ တော်လှန်ရေးကို တဖြည်းဖြည်းနဲ့ ကျဥ်းထဲကြပ်ထဲရောက်လာနေပါပြီ။တော်လှန်ရေးက ၄...

မေ ၀၂၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

မေ ၀၂၊ ၂၀၂၅။ (သောကြာ)

May 2, 2025

စစ်​ကောင်စီ နှင့် TNLA တို့၏ ကူမင်း​ဆွေး​နွေးပွဲသ​ဘောတူညီချက်မရ​ကြောင်း...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English