ကရင်နီပြည်မှာ ၁၁၁၁ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းပြည်နယ်ထဲရှိ မယ်စဲ့၊ဒီးမော့ဆို၊ ရွာသစ်၊ရှားတောနှင့်မော်ချီး၊မိုးဗြဲ ၊နန်းဖယ်ခုံ၊ စသော မြို့ ၇ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီစခန်း ၆၅ ခု သိမ်းပိုက်ထားကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ကြေညာလိုက်တယ်။ဒါ့အပြင် သံလွင်မြစ် အရှေ့ခြမ်း ၊မယ်စဲ့မြို့နယ် ၊ရှားတောမြို့နယ်တို့တွင် စစ်ကောင်စီတပ်လုံးလုံးမရှိတော့ဘဲ စစ်ကောင်စီကင်းစင် ဒေသများဖြစ်လာတယ်။တချို့နေရာတွေမှာတော့ စစ်ကောင်စီက သူ့ရဲ့တပ်ရင်းစခန်းတွေထဲမှာပဲ နေရပြီးတော့ အပြင်မထွက်နိုင်တဲ့ အခြေအနေမျိုး ရှိနေတယ်။နယ်မြေစိုးမိုးမှုအနေနဲ့ပြောရရင် ကရင်နီပြည်တပြည်နယ်လုံးနီးပါးအကုန်လုံး စိုးမိုးထားပြီ။ စစ်ကောင်စီက သူ့တပ်ရင်းစခန်းထဲမှာပဲ ကျန်တော့တယ်။
ထိုသို့နယ်မြေစိုးမိုးနိုင်ခြင်းမှာ(၁၁၁၁) စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင်ကော်မြို့သိမ်း တိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းထားရတဲ့အခြေအနေတွေကြောင့်လဲ ပါတယ်။
ဒါ့အပြင်၁၁၁၁စစ်ဆင်ရေးနောက်ပိုင်းမှာ ကရင်နီပြည်နယ်အထက်ဖက်က ဆီဆိုင်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ PLNOတပ်တွေ တိုက်ပွဲတွေဖြစ်ပွားလာတာကလည်း ကရင်နီပြည်နယ် တော်လှန်ရေးကိုအသက်ရှုချောင်စေတယ်။ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်တွေဟာ ကရင်နီပြည်နယ်ထဲ အလုံးအရင်းနဲ့ စစ်အင်အားမဖြည့်တင်းနိုင်တော့ဘူး။ အခုလောလောဆယ်တော့ စစ်ကောင်စီဟာ ဆီဆိုင်မြို့ကိုပြန်လည်ရရှိဖို့ အပြင်းအထန်ကြိုးစားနေလို့ တိုက်ပွဲတွေနေ့စဉ်နဲ့အမျှဖြစ်နေတယ်။ ဒီရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီလေတပ်က မြို့ပေါ်ကိုဗုံးအလုံးပေါင်း ၁၀၀ နီးပါး ကြဲချ တိုက်ခိုက်ခဲ့တယ်။စစ်ကောင်စီက ဆီဆိုင်မြို့ကို ပြာကျအောင် ဖျက်ဆီးနေတဲ့ပုံစံပါပဲ။ ဆီဆိုင်မြို့ကတော့ တော်တော်များများကို ပျက်စီးနေပါပြီ။