ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ရသေ့တောင်မြို့ကို အေအေကအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီလို့ အေအေက ထုတ်ပြန်လိုက်ပါတယ်။ ရသေ့တောင်မှာ စစ်ကောင်စီတပ်ရင်း၃ခုရှိပြီး ထို၃ခုလုံးကို အေအေက သိမ်းပိုက်နိုင်လိုက်တဲ့အတွက် မြို့ကိုရရှိလိုက်ပါပြီ။ ထိုတပ်ရင်းစခန်းတွေက စစ်ကောင်စီတပ်သား ၂၀၀ခန့်ကတော့ စစ်သင်္ဘောတွေနဲ့ထွက်ပြေးသွားတယ်။ ရသေ့တောင်မြို့သိမ်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က အတင်းအဓ္ဓမစစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာအများအပြားသေဆုံးခဲ့ပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာရှိနေတဲ့ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာလူငယ်တွေကိုအတင်းအဓ္ဓမ စစ်သင်တန်းပေးပြီး ရှေ့တန်းကိုစေလွတ်ခဲ့တယ်လို့ သိရတယ်။ထိုရိုဟင်ဂျာလူငယ်တွေအားလုံးနီးပါးဟာ ရသေ့တောင်က တိုက်ပွဲတွေမှာသေဆုံးခဲ့ပါတယ်။ အေအေရဲ့ထုတ်ပြန်ချက်အရ သေဆုံးသူ တစ်ရာကျော်ခန့်ရှိတယ်လို့သိရတယ်။စစ်ကောင်စီဟာထိုရိုဟင်ဂျာလူငယ်တွေကို လူသားဒိုင်းအဖြစ် အသုံးချသွားတာပါ။ ရသေ့တောင်မြို့ကိုရရှိလိုက်တဲ့အတွက်ရခိုင်မြောက်ပိုင်းမှာ ဆက်လက်သိမ်းပိုက်ဖို့ ဘူးသီးတောင်နဲ့မောင်တောမြို့သာကျန်ရှိတော့တယ်။ မြို့တော်စစ်တွေကိုတော့ ထိုမြို့တွေရပြီးမှ တိုက်ခိုက်မယ်လို့ထင်တယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၄။ (ကြာသပတေး)
မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊...