ကချင်ပြည်နယ်KIAဌာနချုပ်လိုင်ဇာမြို့အနီးရှိတောင်ကုန်းတွေမှစစ်ကောင်စီတပ်စခန်းအားလုံးကိုKIAကတိုက်ခိုက်သိမ်းပိုက်နိုင်လိုက်ပါပြီ။မတ်လ၇ရက်နေ့ကစခဲ့စစ်ဆင်ရေးတပတ်ကြာတဲ့အချိန်မှာလိုင်ဇာမြို့အနီးတောင်ကုန်းတွေပေါ်ကနေမြို့ကိုအချိန်မရွေးလက်နက်ကြီးတွေနဲ့ပစ်ပြီးခြိမ်းခြောက်နေတဲ့စစ်ကောင်စီတပ်စခန်းအားလုံးကိုဒီနေ့မှာအပီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်။ထိုစခန်းတွေဟာလွန်ခဲ့တဲ့၁၀နှစ်ကျော်ခန့်ကစစ်တပ်ဘက်ကKIAကိုအလုံးအရင်းနဲ့ထိုးစစ်ဆင်ပြီးသိမ်းပိုက်ထားခဲ့တာပါ။ထိုအချိန်ကစစ်တပ်စစ်ကြောင်းတွေဟာလိုင်ဇာမြို့အနီးအထိရောက်ရှိခဲ့တယ်။အခုတော့ထိုစခန်းတွေအားလုံးကိုပြန်လည်သိမ်းပိုက်နိုင်တဲ့အတွက်လိုင်ဇာမြို့ဟာစစ်တပ်ရဲ့ခြိမ်းခြောက်မှုအောက်ကလွတ်မြောက်သွားခဲ့ပြီပေါ့။
မိုးမောက်မြို့ဘက်မှာလဲKIAရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ကောင်စီရဲ့ခလရ၂၃၇တပ်ရင်းတစ်ခုလုံးလက်နက်ချခဲ့တယ်။လက်နက်ချတပ်ရင်းထဲမှာလူအင်အား၂၀၀ခန့်ရှိပြီးတဝက်လောက်ကတပ်မိသားစုတွေပါဝင်နေတယ်။KIAရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ဘယ်လိုမှဖောက်ထွက်ပြေးလို့မရနိုင်တော့ပဲလက်နက်ချခဲ့တာကြောင့်ကချင်ပြည်နယ်မှာလဲပထမဆုံးလက်နက်ချတဲ့စစ်ကောင်စီတပ်ရင်းတစ်ရင်းစတင်ထွက်ပေါ်လာခဲ့ပြီပေါ့။