ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာလို့သိရတယ်။ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ AA အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းလက်လွတ်မဆုံးရှုံးဖို့အတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့ကို လေကြောင်းကတစ်ဆင့် စစ်ကူပေးပို့တဲ့ စစ်ကောင်စီ တပ်သား ၁၂၀ နီးပါးကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေသိမ်းဆည်းရမိခဲ့တယ်။ ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရေတပ်ဌာနချုပ်စခန်းတည်ရှိတဲ့ ကျောက်ဖြူမြို့နဲ့ နီးကပ်စွာတည်ရှိပြီး အရေးပါတဲမြို့တစ်မြို့လဲဖြစ်တယ်။ ထိုမြို့ဟာအေအေတပ်တော်ရဲ့ရခိုင်တောင်ပိုင်းမှာ ပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ ဖြစ်လာတယ်။
နိုဝင်ဘာ ၁၄၊ ၂၀၂၄။ (ကြာသပတေး)
မနေ့ညပိုင်းက မိုးကုတ်မြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်အပြီး ဒီနေ့မှာလဲ ရှမ်းပြည်နယ်မြောက်ပိုင်း၊...