ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို အေအေကသိမ်းပိုက်နိုင်လိုက်ပါပြီ။ ရမ်းဗြဲမြို့ သိမ်တောင်ဘုရားတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပြီး ရမ်းဗြဲမြို့ကို အပြီးသတ် သိမ်းပိုက်နိုင်လိုက်တာလို့သိရတယ်။ ရမ်းဗြဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ကစလို့ AA အဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စခန်းလက်လွတ်မဆုံးရှုံးဖို့အတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး အပြင်းအထန် ခုခံခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကလည်း ရမ်းဗြဲမြို့ကို လေကြောင်းကတစ်ဆင့် စစ်ကူပေးပို့တဲ့ စစ်ကောင်စီ တပ်သား ၁၂၀ နီးပါးကို AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အလောင်းအများအပြားနဲ့ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာတွေသိမ်းဆည်းရမိခဲ့တယ်။ ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရေတပ်ဌာနချုပ်စခန်းတည်ရှိတဲ့ ကျောက်ဖြူမြို့နဲ့ နီးကပ်စွာတည်ရှိပြီး အရေးပါတဲမြို့တစ်မြို့လဲဖြစ်တယ်။ ထိုမြို့ဟာအေအေတပ်တော်ရဲ့ရခိုင်တောင်ပိုင်းမှာ ပထမဆုံးသိမ်းပိုက်နိုင်တဲ့မြို့ ဖြစ်လာတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


