KIAဟာကချင်ပြည်နယ်အတွင်းမှာဖော်ဆောင်နေတဲ့ထိုးစစ်၃ရက်မြောက်နေ့မှာပဲစစ်ကောင်စီတပ်စခန်း၂၀ခန့်ကိုသိမ်းယူထားပါတယ်။ကချင်ပြည်နယ်ထဲကဖားကန့်၊ဝိုင်းမော်၊ဗန်းမော်စတဲ့မြို့တွေနားကတပ်စခန်းတွေကိုအဓိကထားသိမ်းယူနေတာပါ။မနေ့က KIA သိမ်းပိုက်ခဲ့သည့် စခန်းငယ်များအနက် ဝိုင်းမော်မြို့နယ် အောင်မြေသစ်ရွာအနီး တပ်စွဲထားသည့် လီဆူပြည်သူ့စစ်တပ်စခန်းလည်း ပါဝင်တယ်။
ထိုတိုက်ပွဲတွင် ဒေသတွင်းလီဆူလူမျိုးစုများအကြား အာဏာစက်ကြီးသည့် စစ်ကောင်စီသစ္စာခံ လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း သေဆုံးခဲ့ပါတယ်။ ဦးရွှေမင်းဟာ နေပြည်တော်မှ စစ်ဗိုလ်ချုပ်များ၏ လူယုံပြည်သူ့စစ်ခေါင်းဆောင်ဖြစ်ပြီး အခုတော်လှန်ရေးကာလအတွင်း ပထဆုံးကျဆုံးပြည်သူ့စစ်ခေါင်းဆောင်ဖြစ်လာတယ်။
ကရင်ပြည်နယ်မှာလဲ သင်္ကန်းညီနောင်မြို့က ခမရ၃၅၅တပ်ရင်းကိုKNUကသိမ်းယူလိုက်နိုင်တယ်။ သင်္ကန်းညီနောင်မြို့မှာ ခမရ၃၅၅၊၃၅၆၊၃၅၇တပ်ရင်း၃ရင်းအခြေစိုက်ထားရာ အခုတပ်ရင်းတစ်ခုကိုသိမ်းပိုက်နိုင်လိုက်ပြီး ကျန်နှစ်ခုကိုရရှိရေး ဆက်လက်ထိုးစစ်ဆင်နေတယ်။ KNUဟာ ကော့ကရိတ်မြို့တဝက်ကိုသိမ်းထားနိုင်တယ်လို့ ကြေညာထားပြီး လက်ရှိအချိန်မှာတော့ သင်္ကန်းညီနောင်၊ကြာအင်းဆိပ်ကြီးစတဲ့ဒေသတွေကိုသိမ်းပိုက်နိုင်ရေး ကြိုးစားလျက်ရှိတယ်။