ရခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့ကစစ်ကောင်စီရဲ့ခမရ၅၅၀တပ်ရင်းကိုအေအေတပ်တော်ကအပြီးသတ်သိမ်းပိုက်နိုင်လိုက်ပါပြီ။ထိုတပ်ရင်းကိုသိမ်းပိုက်နိုင်ဖို့အေအေအနေနဲ့၁၀ရက်ခန့်အချိန်ယူပြီးတိုက်ခိုက်ခဲ့ရတယ်။ထိုတပ်ရင်းမကျဖို့အတွက်စစ်ကောင်စီကစစ်တွေမြို့မှမြေပြင်စစ်ကူစေလွတ်ခဲ့ပေမယ့်လဲအေအေကကြားဖြတ်တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်သံချပ်ကာကားနှစ်စီးပါပျက်စီးပြီးအကျအဆုံးများစွာရှိခဲ့တယ်။အခုတော့စစ်တွေမြို့နဲ့မိုင်၂၀ခန့်သာကွာဝေးတဲ့ပုဏ္ဏားကျွန်းမြို့ကိုအေအေကသိမ်းပိုက်လိုက်ပါပြီ။စစ်ကောင်စီဘက်ကလဲခံစစ်ပြင်တဲ့အနေနဲ့ပုဏ္ဏားကျွန်းကနေစစ်တွေကိုသွားတဲ့လမ်းပေါ်ကတံတားတစ်စီးနဲ့မောင်တောကိုသွားတဲ့တံတားတစ်စီးကိုဖောက်ခွဲဖျက်စီးလိုက်ပါပြီ။ပုဏ္ဏားကျွန်းမြို့ကျသွားတဲ့အတွက်မောင်တောမြို့မှာလဲစစ်တပ်ကမြို့နယ်ဆေးရုံကိုလူနာနဲ့ဆရာဝန်တွေကိုဖယ်ခိုင်းပြီးဝင်ရောက်တပ်စွဲလိုက်တယ်။မောင်တောမြို့မှပြည်သူတွေအားကိုးစရာထိုဆေးရုံတစ်ခုသာရှိတဲ့အတွက်အခုပြည်သူတွေကျန်းမာရေးကိစ္စမှာဒုက္ခရောက်နေကြတယ်။
အလားတူမင်းပြားမြို့မှာလဲနောက်ဆုံးကျန်နေတဲ့စစ်ကောင်စီတန်းမြင့်လေ့ကျင့်ရေးကျောင်းကိုအေအေကပြီးခဲ့တဲ့ရက်တွေအတွင်းသိမ်းပိုက်နိုင်လိုက်တယ်။ထိုကျောင်းကိုသိမ်းပိုက်နိုင်ဖို့လဲအချိန်တပတ်ကျော်ကြာယူခဲ့ရတယ်။ဒါ့ကြောင့်မတ်လအစမှာပဲအေအေအနေနဲ့မြို့၂မြို့ကိုသိမ်းပိုက်နိုင်လိုက်ပါတယ်။