အကြမ်းဖက်စစ်ကောင်စီရဲ့လေယာဉ်ဆီတင်သင်္ဘောတစ်စီးကိုမနေ့ညကရန်ကုန်ထီးတန်းဆိပ်ကမ်းမှာဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။မနက်အစောကြီးဆိပ်ကမ်းဖက်ကပေါက်ကွဲသံကြီးကြောင့်မြို့နေပြည်သူတွေအထိပ်တလန့်ဖြစ်ခဲ့သေးတယ်။ဖောက်ခွဲမှုကိုရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့အထူးရေငုတ်တပ်ဖွဲ့ကပြုလုပ်ခဲ့တာဖြစ်တယ်လို့NUGကကြေညာတယ်။လေယာဉ်ဆီတင်သင်္ဘောရဲ့ပေါက်ကွဲနိုင်စွမ်းအမြင့်ဆုံးနေရာကိုရွေးချယ်ပြီးခက်ခက်ခဲခဲပြုလုပ်ခဲ့ရတယ်လို့လဲဆိုတယ်။ဒီလိုမျိုးရုပ်ရှင်ဆန်ဆန်မစ်ရှင်တွေကိုပြုလုပ်နိုင်တဲ့NUGကိုတော့ချီးကျူးရမှာပဲ။
အကြမ်းဖက်စစ်တပ်အစဉ်တစိုက်ကျူးလွန်နေတဲ့အဆင်အခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအခုချိန်ထိထိထိရောက်ရောက်မတားဆီးနိုင်သေးတာတော့အမှန်ပဲ။လေယာဉ်ပစ်လက်နက်တွေရဖို့နေနေသာသာလေယာဉ်ဆီဖြတ်တောက်မှုတွေကိုတောင်မှမလုပ်နိုင်သေးဘူး။လေယာဉ်ဆီဖြတ်တောက်မှုတွေကိုအနောက်အုပ်စုကလဲသူတို့အနေနဲ့အလွယ်တကူလုပ်ပေးလို့ရတာကိုအခုချိန်ထိလေနဲ့ပဲကူညီနေကြတယ်။အဲ့ဒီတော့ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲစစ်ကောင်စီရဲ့အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေကိုလျော့နည်းအောင်ကြံဆောင်နေရတယ်။ဆက်လက်ပြီးတော့လဲအလားတူမစ်ရှင်မျိုးများများလုပ်နိုင်ပါစေလို့ဆုတောင်းမိတယ်။