ဈေးကွက်ထဲမှာအခေါက်ရွှေဈေး၃၉သိန်းခွဲနှင့်တစ်ဒေါ်လာကိုကျပ်၃၆၆၀အထိတက်လာတယ်လို့သိရတယ်။ကမ္ဘာရွှေဈေးမြင့်တက်လာခြင်းနှင့်ပြည်တွင်း ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့်ဖြစ်တယ်။အခေါက်ရွှေတစ်ကျပ်သား ၃၉ သိန်းဟာ လွန်ခဲ့သည့် ခြောက်လအတွင်း ဈေးနှင့် နှိုင်းယှဉ်ရင်တစ်ကျပ်သားကိုကျပ် ၆သိန်းခန့်မြင့်တက်လာခြင်းဖြစ်တယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၃သိန်းခွဲကျော်ရှိခဲ့တာပါ။ ပြည်တွင်းငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာလျင် ကျပ် ၃၆၆၀ ကျော်အထိ ပြင်ပေါက်ဈေးတွင်မြင့်တက်လာတယ်။ ထိုဈေးနှုန်းဟာ လွန်ခဲ့သည့် ခြောက်လအတွင်း တစ်ဒေါ်လာကို ကျပ် ၃၅၀ကျော်မှမြင့်တက်လာခြင်းဖြစ်သည်။နောက်လထဲမှာ၂၀၀၀၀တန်ငွေစက္ကူတွေထုတ်ဝေမယ်လို့သတင်းတွေထွက်လာတာလဲပါတာပေါ့။
ဒေါ်လာဝယ်စုထားသူများလာပြီး ဈေးတက်မည်စိုးသောစစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများဒေါ်လာကိုင်ခွင့်ကို နည်းမျိုးစုံတားမြစ်ခဲ့တယ်။ဒေါ်လာ ကိုင်လိုပါက ဝင်ငွေလမ်းကြောင်းပြရမည်ဖြစ်ပြီး ဝင်ငွေရလမ်းပြ၍ ဒေါ်လာကိုင်ထားပါကလည်းနိုင်ငံသားများဒေါ်လာကိုင်ရန်ဒေါ်လာ ၁၀၀၀၀နှင့်ညီမျှသည့်နိုင်ငံခြားငွေကို၆လအတွင်းသာကိုင်ဆောင်ရန်ရမည်ဟုကန့်သတ်ထားသည်။ထိုထက်ပိုကိုင်ဆောင်သူများကို ဥပဒေအရအရေးယူမည်ဟု ခြိမ်းခြောက်ထားတယ်။NLDအစိုးရလက်ထက်ကတော့ ဒေါ်လာကိုင်ဆောင်ခွင့်ကို ကန့်သတ်မထားသလို ၊ ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းတွင် ဒေါ်လာဈေး မှာ ၁၃၀၀ ကျပ်ကျော် ရွှေဈေးမှာ ၁၃ သိန်းကျော်သာရှိခဲ့တာပါ။