ရက္ခိုင့်တပ်တော်(AA)၏ မြောက်ဦးမြို့သိမ်း တိုက်ပွဲကာလအတွင်း အချုပ်ခန်းအတွင်းချုပ်နှောင်ထားသည့် ကိုဖိုးလပြည့်နှင့်သတင်းသမားကိုဖိုးသီဟအပါအဝင်ခုနစ်ဦးကိုသေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့မှုတစ်ခုပေါပေါက်လာခဲ့တယ်။သတ်ဖြတ်ရန် တိုက်ရိုက်အမိန့်ပေးစေခိုင်းခဲ့သူ ဗိုလ်မှူးသိမ်းထိုက်စိုးနှင့် ပါဝင်သူ ခရိုင်ရဲမှူး၊ ဗိုလ်ကြီးတို့ကအေအေတပ်တော်ကဖမ်းမိခဲ့ပြီးသူတို့ကိုယ်တိုင်ဝန်ခံထွက်ဆိုခဲ့တာပါ။
AAက မြောက်ဦးခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို သိမ်းပိုက်လိုက်ခြင်းကြောင့် ချုပ်နှောင်ထားသူ ၇ဦးကို ခမရ(၃၇၈) တပ်ရင်းသို့ ခေါ်ယူချုပ်နှောင်ထားစဉ် အဆိုပါ တပ်ရင်း၏ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူးသိန်းထိုက်စိုးက အချုပ်ချထားသူ ၇ဦးအား သတ်ဖြတ်ရန် ဇန်နဝါရီ ၂၃ ရက်တွင် အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုတယ်။
ဗိုလ်မှူးသိန်းထိုက်စိုး၏ ထွက်ဆိုချက်တွင် ၎င်းအနေဖြင့် တိုက်ပွဲမှာဒဏ်ရာရပြီး ဆေးကုသမှုခံယူနေချိန် ဒုတပ်ကြပ် သန်းအောင်နှင့်အဖွဲ့အား အချုပ်သား ၇ဦးအား ရှင်းလင်းရန် ညွှန်ကြားချက်ပေးလိုက်သည်ဟု ပြောပြတယ်။ထို့နောက် အချုပ်ခန်းသော့ကို ဒုတပ်ကြပ် သန်းအောင်ထံပေးလိုက်တယ်။ ဒုတပ်ကြပ် သန်းအောင်က ဘယ်နေရာမှာ ဆောင်ရွက်မလဲ မေးမြန်းရာ ဗုံးခိုကျင်းနေရာ၌ ဆောင်ရွက်ခိုင်းလိုက်တယ်။ ထို့နောက် ဒုတပ်ကြပ်သန်းအောင် ဦးစီးတဲ့အဖွဲ့ဟာ အချုပ်ခန်းထဲက ဖိုးလပြည့်အပါအဝင် အချုပ်သား ၇ဦးကို ထုတ်ပြီး မျက်လုံးကိုပုဝါနဲ့စည်းပြီး လက်ကိုလက်ထိပ်ခတ်ပြီးတော့ ဗဟိုကင်းနောက်ကြောလမ်းကနေ ဆေးခန်းကုန်းအောက်ခြေကိုခေါ်ဆောင်သွားခဲ့ပါတယ်။ပြီးတော့ထိုအချုပ်သား၇ဦးလုံးကိုသေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ထိုသို့ပစ်သတ်ခဲ့ပြီးနောက်ဗိုလ်မှူးသိမ်းထိုက်စိုးနှင့်ခရိုင်မှူးရဲမှူးကြီးခင်မောင်စိုးနှင့်အချုပ်သား၇ဦးအား သတ်သည့်ကိစ္စကိုဆွေးနွေး၍တပ်မမှူး မင်းမင်းထွန်းထံသို့ သွားရောက်ခဲ့ပြီး အချုပ်သား ၇ဦးမှာ ဗုံးစထိမှန်ပြီးသေဆုံးခဲ့ပြီဟုလိမ်လည်သတင်းပို့တင်ပြခဲ့ပါတယ်။
အခုတော့ကျူးလွန်သူတွေအားလုံးအေအေလက်ထဲရောက်နေပါပြီ။ကျူးလွန်သူတွေကတော့ရက္ခိုင်ပြည်သူလူထုအားလုံးက ပေးအပ်တဲ့ အပြစ်ဒဏ်ကိုကျေကျေနပ်နပ် ခံယူပါ့မယ်လို့ ပြောတယ်။သူတို့ကိုAAက မည်သို့ အရေးယူမည်ဆိုတာကိုတော့မသိသေးဘူး။ဒီလိုလူမဆန်စွာဥပဒေမဲ့လူသတ်မှုကျူးလွန်သူဟာကျိန်းသေပေါက်ကြိုးပေးခံရမှာပဲ။ဒီထပ်ပိုပြီးမှတ်သားလောက်အောင်တောင်အရေးယူသင့်တယ်။