လူအများရဲ့ အာရုံစိုက်မှုဟာ ရှမ်းမြောက်ဒေသ၊ ရခိုင်ဒေသ၊ စစ်ကိုင်းအထက်ပိုင်းဒေသကို ရောက်နေချိန်မှာ နိုင်ငံတောင်ပိုင်းက တနင်္ဿာရီတိုင်းမှာစစ်ရေးအောင်ပွဲတွေတိတ်တဆိတ်ရရှိနေပြီးချေမှုန်းရေးတိုက်ပွဲများပင် ဆက်တိုက်ပေါ်ထွက်လာပြီ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဟာ ကျန်တိုင်း နဲ့ ပြည်နယ်တွေနဲ့ ယှဉ်ရင်စစ်တပ် တပ်ဖြန့်မှု နည်းပါးတဲ့ဒေသဖြစ်တဲ့အတွက် လွတ်မြောက်နယ်မြေ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်လာဖို့လဲ အလားအလာကောင်းနေပါတယ်။ ဒါ့အပြင် နိုင်ငံတကာ နဲ့ ထိစပ်နေမှု၊ ပင်လယ်ပြင်နဲ့ ဘေးမှာ ရှိမှု စတဲ့ အားသာချက်တွေလဲ ရှိနေတယ်။
တနင်္ဿာရီတိုင်းရဲ့ ပထမဆုံး စခန်းသိမ်းတိုက်ပွဲ အဖြစ် ထားဝယ် မြို့နယ်ထဲက ကျောက်ထု စစ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၂၀၂၄ ခုနစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပါတယ်။ ရန်သူ (၁၅) ဦး သေဆုံး၊ (၇) ဦး ဖမ်းမိ ခဲ့ကာ လက်နက်ငယ် (၁၂) လက်၊ ငါးကြင်းမြီး စက်သေနတ် (၁) လက်၊ ကျည် မျိုးစုံ ၄၀၀၀ ကျော် သိမ်းစည်းရရှိခဲ့တယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲထားဝယ်-ထီးခီး လမ်းပိုင်းမှာအင်အား (၂၀၀)၊ စစ်ယာဉ်၁၇စီးနဲ့ ဝင်ရောက်လာတဲ့ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကား (၇) စီး သိမ်းပိုက်နိုင်ခဲ့ကာ စစ်သား (၃၀) ကျော် သေဆုံးခဲ့တယ်။ အဆိုပါတိုက်ပွဲ (၂) ပွဲ ကို ကြည့်ရင် စခန်းသိမ်းတိုက်ပွဲ နဲ့ အင်အား အမြောက်အများ ပါတဲ့ စစ်ယာဥ်တန်းကိုပိုင်ပိုင်နိုင်နိုင်ချေမှုန်းနိုင်လိုက်တဲ့ချေမှုန်းရေးတိုက်ပွဲတွေတနင်္ဿာရီတိုင်းမှာဖြစ်လာပြီလို့ပြောရမယ်။ တနင်္ဿာရီ ဒေသတွင်းမှာ ပြောက်ကျားစစ်ကနေ ချေမှုန်းရေး စစ်ထိ တိုက်ခိုက်နိုင်လာပြီ ရန်သူ့ လက်နက်ကိုယ့်လက်နက်ဖြစ်အောင်သိမ်းစည်းလာနိုင်ပြီဆိုတာဒီချေမှုန်းရေးပွဲတွေကပြသနေတယ်။ဒါတောင်တနင်္ဿာရီဒေသတွင်းမှာစခန်းသိမ်းတိုက်ပွဲတွေ၊ချေမှုန်းရေးတိုက်ပွဲတွေဖြစ်လာတာတခြားဒေသတွေနဲ့ယှဉ်ရင်တစ်နှစ်လောက်နောက်ကျနေပါတယ်။ဒီလိုအချိန်မှာဘယ်ဒေသပဲဖြစ်ဖြစ်စစ်တပ်ကိုဖိအားပေးနိုင်ရင်ကြိုဆိုရမှာပဲ။