ကရင်အမျိုးသားအစည်းအရုံး(KNU) အနေဖြင့်မြို့သိမ်းတိုက်ပွဲများထက် စစ်ကောင်စီ၏ အရှိုက်ဖြစ်သည့် နေပြည်တော်ကို ထိုးဖောက်နိုင်ရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU ပြောရေးဆိုခွင့်ရှိသူကပြောကြားလိုက်တယ်။ KNUအနေဖြင့်မြ၀တီမြို့အနီး လက်ခက်တောင် နေရာအပါအဝင်တပ်မဟာ(၆)ဒေသ၊နေပြည်တော်နှင့်နီးသည့်တပ်မဟာ(၃)နှင့်တပ်မဟာ(၁)နယ်မြေများကိုနယ်မြေစိုးမိုးထားနိုင်ပြီး စစ်ကောင်စီက ခွာစစ်၊ ခံစစ် အနေအထား သာရှိတော့တယ်။အာရှလမ်းမကြီး တစ်ခုလုံးထိန်းချုပ်ထားနိုင်ကြောင်း ၊ထို့နောက်စစ်တောင်းမြစ်အရှေ့ဘက်အခြမ်းက မုန်း၊ ကျောက်ကြီး၊ ရွှေကျင်အပြင်စစ်တောင်းမြစ်အနောက်ဘက်ကမ်းကိုဖြတ်ကူးလာပြီးမဒေါက်ရထားလမ်းနှင့်မနီးမဝေးနေရာအထိKNUတပ်တွေရောက်ရှိနေတယ်။ထိုပုဂ္ဂိုလ်ကတော့နယ်မြေစိုးမိုးမှု အပိုင်းမှာတော့ မြို့ကိုတော့ မလိုအပ်ဘဲနဲ့အသေမတိုက်နိုင်ဘူးလို့ပြောတယ်။ဒီကာလမှာမြို့သိမ်းတာသိပ်ပြီးတော့အာရုံမလာဘူးလို့ပြောသွားတယ်။သို့ရာတွင် လိုအပ်ရင် လိုအပ်သလို ဝင်ရောက်တိုက်ခိုက်သွားမည်ဖြစ်ပြီး နေပြည်တော်ကို မည်သို့ ထိုးဖောက်ရမည်ကိုစဉ်းစားသွားမယ်တဲ့။
KNUရဲ့ပြောကြားချက်တွေဟာနေပြည်တော်ကိုထိုးဖောက်တိုက်ခိုက်သွားမယ်ဆိုတော့သာမန်အားဖြင့်လူကြိုက်များစရာပဲ။ပြီးတော့မြို့တွေကိုသိမ်းဖို့စိတ်မဝင်စားဘူးဆိုပဲ။စစ်ရေးပိုင်းကိုအနည်းငယ်မျှနားလည်သူတစ်ယောက်အနေနဲ့တွေးကြည့်ရင်တော့သူ့ရဲ့ပြောကြားချက်တွေဟာနည်းနည်းတော့လွဲနေတယ်။ဘာလို့လဲဆိုတော့ကိုယ့်ဒေသကိုယ်အပိုင်မထိန်းချုပ်နိုင်ပဲနဲ့နေပြည်တော်ကိုထိုးဖောက်မယ်ဆိုတာကစိတ်ကူးယဉ်ဆန်နေတယ်။ရှမ်းမြောက်ကမဟာမိတ်၃ဖွဲ့ဟာကိုယ့်ဒေသကစစ်ကောင်စီတပ်တွေကိုအပြတ်ရှင်းထားသလိုKNUဟာကရင်ပြည်နယ်ထဲမှာအပြည့်အဝထိန်းချုပ်နိုင်ဖို့အရင်ကြိုးစားဖို့လိုတယ်။ပီးမှနောက်တစ်ဆင့်အနေနဲ့နေပြည်တော်ကိုထိုးဖောက်ဖို့ကြိုးစားရမှာပါ။မြို့တွေသိမ်းဖို့စိတ်မဝင်စားဘူးဆိုတာကလဲတကယ်တော့KNUဟာကရင်ပြည်နယ်ထဲမှတမြို့မှမသိမ်းနိုင်သေးလို့အရှက်ပြေပြောနေသလိုပါပဲ။ကိုယ့်ဒေသကမြို့တေကိုအရင်မသိမ်းပဲနဲ့နေပြည်တော်ကိုထိုးဖောက်ဖို့ဘယ်လိုမှမဖြစ်နိုင်ပါ။
ခြုံပြောရရင်တော့KNUပြောခွင့်ရပုဂ္ဂိုလ်ရဲ့ပြောကြားချက်တွေဟာလက်တွေ့နဲ့အနည်းငယ်ဝေးကွာနေတယ်။လူထုကိုပျားရည်နဲ့ဝမ်းချနေတာလို့ထင်မိတယ်။ဒီပုံစံအတိုင်းဆိုရင်KNUဟာရှေ့လျောက်လဲအပြောကြီးပြီးအလုပ်မပြနိုင်တဲ့ပုံစံမျိုးပဲဆက်သွားမယ်ထင်တယ်။
ဇူလိုင် ၂၁၊ ၂၀၂၄။ (တနင်္ဂနွေ)
တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်တပ်တော်MNDAAကဒီလကုန်ထိအပစ်ရပ်ဦးမယ်လို့ကြေညာလိုက်ပါတယ်။ပြီးခဲ့တဲ့ရက်တွေကလဲတရုတ်မှာညီလာခံရှိလို့ဆိုပြီးလေးရက်ကြာတဖက်သတ်အပစ်ရပ်ပြီးပြီ။အခုလဲထပ်ပြီးအပစ်ရပ်ရဦးမယ်တဲ့။ တရုတ်ဟာ၁၀၂၇စစ်ဆင်ရေးအပိုင်း၂ဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်တပ်တွေကိုနည်းလမ်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။MNDAAအဖွဲ့လားရှိုးကိုစတိုက်တဲ့ဇူလိုင်၃ရက်နေ့ကစပြီးလောက်ကိုင်မြို့ကိုလျပ်စစ်မီးတွေဖြတ်တောက်ခဲ့တယ်။ဒါ့အပြင်MNDAAထိန်းချုပ်ထားတဲ့နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကိုလဲတရုတ်ဘက်ကပိတ်ပစ်ခဲ့တယ်။အခုလဲမကြာခဏအပစ်ရပ်ခိုင်းနေပြန်ပြီ။ တရုတ်ဟာတော်လှန်ရေးအဖွဲ့တွေဘက်ရောစစ်ကောင်စီဘက်ကိုပါပြိုင်တူဖိအားပေးပြီးသူလိုချင်တဲ့လမ်းကြောင်းကို ရောက်အောင်ပုံသွင်းနေပါတယ်။စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုလဲ...