စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်ပြည်တွင်းကငွေကြေးတက်နိုင်တဲ့လူတွေနဲ့လူငယ်တွေဒီရက်ပိုင်းအစုလိုက်အပြုံလိုက်ပြည်ပကိုထွက်ခွာနေကြတယ်။ဒါပေမယ့်သူတို့မှာရွေးချယ်စရာနိုင်ငံများများစားစားတော့မရှိပါဘူး။ထိုင်း၊မလေးရှားနဲ့စင်ကာပူနိုင်ငံတွေလောက်သာရှိနေတယ်။ထိုနိုင်ငံတွေထဲမှာမှလူတန်းစားအတော်များများအတွက်အဆင်ပြေတဲ့ထိုင်းနိုင်ငံကိုသွားကြတာတော့အများဆုံးပေါ့။ဒီလိုအခြေအနေတွေကြောင့် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများပြားသည့် အတွက် ဗီဇာလျှောက်ထားသူအရေအတွက် ကို အကန့်အသတ်ဖြင့်သာလက်ခံတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံးက ထုတ်ပြန်လိုက်တယ်။တရက်လျှင်ဗီဇာလျှောက်ထားသူအရေအတွက်၄၀၀သာလက်ခံတော့မယ်တဲ့။ဗီဇာရက်ချိန်းကိုတန်းစီစနစ်နဲ့အွန်လိုင်းဘိုကင်စနစ်ကျင့်သုံးမှာဖြစ်တယ်။လက်ရှိအချိန်မှာတော့ထိုင်းသံရုံးရှေ့မှာလာရောက်တန်းစီသူတွေအယောက်၁၀၀၀လောက်ရှိနေတယ်။ထိုင်းသံရုံးကအခြားနိုင်ငံသံရုံးတွေထက်ဗီဇာလွယ်ကူတဲ့အထဲမှာတော့ထိုင်းပါနေတော့အကုန်စုပြုံတိုးနေကြတာပေါ့။ထိုင်းဗီဇာဟာအလည်အပတ်အတွက်ဆိုရင်၁၄ရက်freeရပြီးသွားကြတာပဲ။အခုကြာကြာနေချင်တဲ့သူတွေကဗီဇာကိုဒုက္ခခံပြီးလျှောက်နေကြတာပါ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


