ရခိုင်ပြည်နယ်မှာကုန်းလမ်းကခရီးသွားလာမှုတွေကိုစစ်ကောင်စီကပိတ်ထားပြီးနောက်အခုအခါလေကြောင်းကနေခရီးသွားလာမှုတချို့ကိုပါပိတ်ပင်လိုက်ပါတယ်။ကုန်းလမ်းခရီးကိုရခိုင်မှာတိုက်ပွဲတွေစဖြစ်ကတည်းကစစ်ကောင်စီကပိတ်ထားတာကြာပါပြီ။အခုတိုက်ပွဲတွေပိုမိုပြင်းထန်လာတဲ့အတွက်ငွေကြေးတက်နိုင်တဲ့ရခိုင်ပြည်သူတွေဟာပြည်မဘက်ကိုလေကြောင်းခရီးနဲ့စစ်ဘေးရှောင်ကြတယ်။လေယာဉ်လက်မှတ်ဈေးတွေကလဲမိုးထိုးနေတယ်။ရခိုင်ပြည်နယ်ထဲကိုလေယာဉ်လက်မှတ်ဈေးပုံမှန်ဆိုရင်ကျပ်၂သိန်းခန့်သာရှိပေမယ့်အခု၅သိန်းနားကပ်နေပြီ။ဒါဟာလေကြောင်းလိုင်းတွေရဲ့တရားဝင်ဈေးနှုန်းသာဖြစ်ပြီးရခိုင်ပြည်နယ်ထဲကထွက်ခွာလိုသူတွေများပြားလွန်းတာကြောင့်မှောင်ခိုဈေးကွက်မှာကျပ်၈သိန်းကနေ၁၀သိန်းအထိပေါက်နေတယ်။အခုလတ်တလောစစ်ကောင်စီကထုတ်ပြန်တဲ့စာအရရခိုင်ပြည်နယ်ကျောက်ဖြူမြို့ကနေအရပ်သားပြည်သူမည်သူမဆိုလေကြောင်းလမ်းကနေထွက်ခွာခွင့်မပြုတော့ပဲဝန်ထမ်းတွေ၊ကျန်းမာရေးမကောင်းသူတွေ၊ကျောင်းသားတွေကိုသာခွင့်ပြုတော့တယ်။ထိုသူတွေလေယာဉ်လက်မှတ်ဝယ်ယူရာမှာလဲထောက်ခံစာလိုအပ်သေးတယ်။ရခိုင်ပြည်သူတွေလွတ်လပ်စွာခရီးသွားလာခွင့်ကိုထပ်မံကန့်သတ်လိုက်တဲ့သဘောပဲ။
ဒီထက်ပိုဆိုးတာကရန်ကုန်ကနေရခိုင်ပြည်နယ်ကိုပြန်တဲ့ခရီးသွားတွေကိုစစ်ကောင်စီကလေဆိပ်မှာတင်ဖမ်းဆီးစစ်ဆေးနေတယ်။လေယာဉ်ပေါ်ကဆင်းဆင်းချင်းပဲလေဆိပ်အဆောက်အအုံထဲခေါ်ဆောင်သွားပြီးတချို့ရခိုင်လူငယ်တွေကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာရခိုင်မှာအေအေတပ်တော်ကိုစစ်ရှုံးနေတဲ့အတွက်ရှုံးမဲမဲပြီးရခိုင်ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတယ်။
မတ် ၁၅၊ ၂၀၂၅။ (စနေ)
အိမ်နီးချင်းနိုင်ငံတွေကတော့ မြန်မာပြည်ကို ပါးပါးလှီးဖို့ကြံစည်နေပါတယ်။အိန္ဒိယဟာမြန်မာ့နယ်မြေအချို့ကို သူ့နိုင်ငံထဲသွတ်သွင်းဖို့ကြံစည်နေချိန်မှာပဲ တရုတ်ကရှမ်းမြောက်မှာ...