ကောလင်းမြို့ကိုစစ်ကောင်စီကသူတို့သိက္ခာပြန်ဆယ်ဖို့အတွက်အင်အားအလုံးအရင်းသုံးပြီးတိုက်ခိုက်ခဲ့တယ်ဆိုပေမယ့်ကိုယ့်ဘက်မှာလဲအားနည်းချက်တွေရှိခဲ့တယ်။အဓိကကတော့NUGပါပဲ။ကောလင်းမြို့ဟာNUGဦးဆောင်တဲ့တပ်ရင်းတွေသိမ်းပိုက်ထားပေမယ့်စစ်ကောင်စီကပြန်လည်မတိုက်ခိုက်ခင်မှာပြင်ဆင်မှုတွေအားနည်းခဲ့တယ်။မြို့ကိုသိမ်းပြီးကတည်းကစစ်ကောင်စီကတချိန်မှာပြန်တိုက်မယ်ဆိုတာသေချာနေတာပဲ။ဒါပေမယ့်လိုအပ်တဲ့လက်နက်ခဲယမ်းဖြည့်တင်းထားနိုင်မှုမှာအားနည်းခဲ့တယ်။ဒီကြားထဲစစ်ကောင်စီကအလုံးအရင်းနဲ့ဝင်လာချိန်မှာကျည်ပြတ်သွားတယ်ဆိုတဲ့သတင်းတွေထွက်လာသေးတယ်။ဒါ့အပြင်မြို့ကိုသိမ်းပြီးနောက်မြို့ပတ်ဝန်းကျင်ကိုနယ်မြေစိုးမိုးမှုတွေမလုပ်ပဲပစ်ထားခဲ့တယ်။ဒါ့ကြောင့်တကယ်တမ်းရင်ဆိုင်ရချိန်မှာစစ်ကောင်စီတပ်တွေဟာမြို့ထဲကိုရက်တိုတိုနဲ့ဝင်ရောက်ထိုးဖောက်နိုင်ခဲ့တယ်။စစ်ကောင်စီဟာကောလင်းမြို့ကိုဆယ်ရက်ကျော်ကြာသာတိုက်ယူခဲ့ရတာပဲ။NUGရဲ့တပ်တွေဟာကောလင်းလို့မြို့ကို၁၀ရက်ကျော်ကျော်သာခုခံနိုင်ခဲ့တယ်ဆိုတဲ့သဘောပါပဲ။မြို့မကျအောင်လိုအပ်တဲ့ကြိုတင်ပြင်ဆင်မလုပ်ပဲလိုင်းပေါ်မှာလေကျယ်လိုက်သေးတယ်။အခုတော့သူတို့လေကျယ်ထားတဲ့ပထမဆုံးသောမြေပြင်နွေဦးဘဏ်ခွဲဟာလဲလေထဲမှာပဲအငွေ့ပြန်သွားခဲ့ပါပြီ။ထိုနွေဦးဘဏ်နဲ့ပတ်သက်တဲ့သတင်းတွေတောင်ပျောက်နေတာကြာပြီ။NUGဟာလိုင်းပေါ်မှာလေမကျယ်ပဲမြေပြင်မှာတော်လှန်ရေးကိုဖိဖိစီးစီးလုပ်တာပိုကောင်းလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


