စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကိုစစ်ကောင်စီကအင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပြီးနောက် ၁၂ ရက်မြောက်နေ့မှာ ကောလင်းမြို့ပေါ်ကို စစ်ကောင်စီက အလုံးစုံ ထိန်းချုပ်လိုက်ပြီး တော်လှန်ရေး တပ်ဖွဲ့များက ခေတ္တဆုတ်ခွာပေးခဲ့ရကြောင်း သိရတယ်။ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစပြီး ကောလင်း မြို့အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီက မြို့ပေါ်ရပ်ကွက် ၈ ခုလုံးကို ထိန်းချုပ်လိုက်နိုင်တယ်။
စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၇ နာရီ ကျော်တွင် ကောလင်းမြို့ပေါ်သို့ အင်အား ၁၀၀၀ နီးပါးဖြင့် စစ်ကြောင်း ခြောက်ကြောင်းခွဲကာ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ခြင်းဖြစ်ပြီးမြေပြင်စစ်ကြောင်းအပြင် ဟောင်၀စ်ဇာလက်နက်ကြီးတပ်ဆင်ထားသည့်ကားများဖြင့်ပါပစ်ခတ်၀င်ရောက်လာခြင်းဖြစ်ပြီးလေယာဉ်ပစ်ကူနှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရတယ်။စစ်ကောင်စီကကောလင်းမြို့ကို တိုက်ခိုက်ရာတွင် စစ်ကြောင်း ခြောက်ကြောင်းအပြင် ၀န်းသိုမြို့ကတပ်တွေနဲ့၊ပျူစောထီးအဖွဲ့၀င်များကို MI 35၊MI17၊Y12လေယာဉ်များဖြင့်တင်ဆောင်ကာကောလင်းမြို့ပေါ်သို့အဆက်မပြတ်စစ်ကူပေးပို့ခဲ့တယ်။စစ်ကြောင်းထိုးရာတွင်လည်း စစ်ကောင်စီက အင်အားလျော့နည်းလာပါက တပ်ပြန်ဆုတ်ပြီး အင်အား ဖြည့်တင်းကာ မြို့သို့၀င်တိုက်လိုက်၊ လေကြောင်းပစ်ကူပေးလိုက်နှင့် စစ်ရေးဖော်ဆောင်ခဲ့ပြီး တော်လှန် ရေးတပ်ဖွဲ့များအင်အားနည်းပြီးလက်နက်ခဲယမ်းလျော့နည်းလာအောင်ရိက္ခာပြတ်လပ်အောင်ပြုလုပ်ခဲ့တယ်။တော်လှန်ရေးတပ်ဖွဲ့တွေကတော့ခေတ္တဆုတ်ခွာခဲ့တာပါလို့ပြောထားပြီးကောလင်းကိုအချိန်မရွေးပြန်တိုက်နိုင်အောင်ဝန်းရံထားတယ်။ဒါပေမယ့်ဒါဟာအပြောသက်သက်သာဖြစ်ပြီးလက်တွေ့မှာကောလင်းမြို့ကိုပြန်လည်သိမ်းယူဖို့လက်ရှိအခြေအနေမှာမဖြစ်နိုင်သလောက်ပါပဲ။