စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ခြင်းမှာ သူတို့နေရာဖယ်ပေးရမှာ စိုးရိမ်တာကြောင့်တစ်တိုင်းတစ်ပြည်လုံးကိုဆွဲချလိုက်ခြင်းဖြစ်ပါတယ်။ထိုဥပဒေကိုအရင်စစ်အစိုးရလက်ထက်ထဲကရေးဆွဲထားတယ်ဆိုပေမယ့်ပြည်ပကျူးကျော်စစ်ပွဲအတွက်ပါ။အခုတိုင်းရင်းသားပြည်သူတွေနဲ့ စစ်ဆင်ရတဲ့ပြည်တွင်းစစ်ဖြစ်နေချိန်မှာလုပ်လိုက်တော့ ထောက်ခံမှုနည်းပြီး အခက်အခဲတွေနဲ့ သေချာပေါက်တွေ့မှာပဲ။သေချာတာကတော့လူငယ်တွေအကုန် နိုင်ငံခြားထွက်ပြေးကြတော့မယ်။ ငယ်ရွယ်သူလုပ်သားအင်အားဆုံးရှုံးပြီးလုပ်ငန်းတွေပြဿနာတက်လာမယ်။ဆိုးကျိုးတွေကပြောရင်တော့အများကြီးပါပဲ။
စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောဆိုချက်အရစစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးရှိသည်ဟု ဆိုတယ်။စစ်မှုထမ်းဆင့်ခေါ်ခြင်းကို သင်္ကြန်ရုံးပိတ်များအပြီး လာမည့်ဧပြီလတွင် စတင်မည်ဖြစ်ကြောင်း၊အပတ်စဉ်တစ်ခုလျှင်လူ၅၀၀၀နှုန်းဖြင့်ခေါ်မည်ဖြစ်ကြောင်းပြောထားသေးတယ်။ဒါပေမယ့်အခုအသက်သွင်းလိုက်သည့်စစ်မှုထမ်းဥပဒေအရအသက်ကန့်သတ်ချက်ကျော်လွန်သူများကိုပင်စစ်ကောင်စီကစစ်ထဲဆွဲသွင်းနိုင်ခြေရှိနေတယ်။သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများကိုအရေးပေါ်ခန့်အပ်နိုင်သည်ဟုပြဋ္ဌာန်းထားလို့အသက်ကျော်သည့်တိုင်ပျုစောထီးအဖြစ်သွတ်သွင်းမည့်အန္တရာယ်ရှိနေတယ်။လက်ရှိမှာလဲထိုဥပဒေကြောင့်ပြည်သူတွေကြားထဲမှာစိုးရိမ်ပူပန်မှုပေါင်းများစွာနဲ့ပွက်လောရိုက်နေတယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


