မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှာအသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦးကိုအများပြည်သူမြင်ကွင်းတွင်လွန်ခဲ့သောသုံးလခန့်ကမီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုတစ်ခုယခုသီတင်းပတ်အတွင်းလူမှုကွန်ရက်မှာပျံ့နှံ့လာတယ်။ဗီဒီယိုထဲမှာသူတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာပါ။ထိုလူငယ်များကိုအရှင်လတ်လတ်မီးရှို့မသတ်မီညှဉ်းပန်းနှိပ်စက်ထားသေးတယ်။ပြီးတော့သူတို့ရဲ့ခြေ၊ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သစ်ပင်တပင်သို့ ဆွဲခေါ်သွားတယ်။သစ်ပင်မှာတွဲလောင်းချပြီးဓာတ်ဆီလောင်းကာမီးရှို့လိုက်တယ်။သူတို့ကိုအများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်တာပါ။ထိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရွာမှ အိမ်ထောင်စုတိုင်းတအိမ်တယောက်သွားရောက်ကြည့်ရှုရတယ်လို့သိရတယ်။မြောက်ခင်ရန်းရွာဟာပျူစောထီးရွာဖြစ်ပြီး အနီးရှိကျေးရွာများကို အမြဲတမ်းအကြမ်းဖက်နေတယ်လို့ အမည်ဆိုးကျော်ကြားတဲ့ရွာ ဖြစ်တယ်။
အကြမ်းဖက်စစ်တပ်ကလူမဆန်တဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတာကြာပြီ။သူတို့ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေအကြောင်းကိုတော့ပြောချင်စိတ်မရှိလောက်အောင်ပါပဲ။ ဒီလိုဖြစ်ရပ်တွေ မဖြစ်အောင် တားဆီးဖို့က စစ်ကောင်စီကို အမြစ်ဖြတ်ပြီး တော်လှန်ရေး အောင်မြင်အောင် လုပ်ရမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


