မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်း ကျေးရွာမှာအသက် ၂၀ ကျော်အရွယ် တော်လှန်ရေးသမား နှစ်ဦးကိုအများပြည်သူမြင်ကွင်းတွင်လွန်ခဲ့သောသုံးလခန့်ကမီးရှို့သတ်ဖြတ်ခဲ့သည့်ဗီဒီယိုတစ်ခုယခုသီတင်းပတ်အတွင်းလူမှုကွန်ရက်မှာပျံ့နှံ့လာတယ်။ဗီဒီယိုထဲမှာသူတို့ကို သစ်ပင်တွင် တွဲလောင်းချိတ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ခဲ့တာပါ။ထိုလူငယ်များကိုအရှင်လတ်လတ်မီးရှို့မသတ်မီညှဉ်းပန်းနှိပ်စက်ထားသေးတယ်။ပြီးတော့သူတို့ရဲ့ခြေ၊ လက်များကို သံကြိုးများဖြင့် ချည်နှောင်ထားပြီး သစ်ပင်တပင်သို့ ဆွဲခေါ်သွားတယ်။သစ်ပင်မှာတွဲလောင်းချပြီးဓာတ်ဆီလောင်းကာမီးရှို့လိုက်တယ်။သူတို့ကိုအများပြည်သူမြင်ကွင်းတွင် အရှင်လတ်လတ် မီးရှို့သတ်တာပါ။ထိုအရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကို ရွာမှ အိမ်ထောင်စုတိုင်းတအိမ်တယောက်သွားရောက်ကြည့်ရှုရတယ်လို့သိရတယ်။မြောက်ခင်ရန်းရွာဟာပျူစောထီးရွာဖြစ်ပြီး အနီးရှိကျေးရွာများကို အမြဲတမ်းအကြမ်းဖက်နေတယ်လို့ အမည်ဆိုးကျော်ကြားတဲ့ရွာ ဖြစ်တယ်။
အကြမ်းဖက်စစ်တပ်ကလူမဆန်တဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတာကြာပြီ။သူတို့ကျူးလွန်နေတဲ့အကြမ်းဖက်မှုတွေအကြောင်းကိုတော့ပြောချင်စိတ်မရှိလောက်အောင်ပါပဲ။ ဒီလိုဖြစ်ရပ်တွေ မဖြစ်အောင် တားဆီးဖို့က စစ်ကောင်စီကို အမြစ်ဖြတ်ပြီး တော်လှန်ရေး အောင်မြင်အောင် လုပ်ရမယ်။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...